Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeInternationalတာလီဘန်များ အာဏာရလာချိန်မှစ၍ အာဖဂန်ဒုက္ခသည်...

တာလီဘန်များ အာဏာရလာချိန်မှစ၍ အာဖဂန်ဒုက္ခသည် ၁၃၃ ဦးအား ဂျပန်လက်ခံထား

တာလီဘန်များ အာဏာရလာချိန်မှစ၍ အာဖဂန်ဒုက္ခသည် ၁၃၃ ဦးအား ဂျပန်လက်ခံထား

တိုကျို၊ဩဂုတ် ၂၆

တာလီဘန်များ အာဏာရလာပြီးနောက် တစ်နှစ်အတွင်း အာဖဂန်နစ္စတန်မှ ထွက်ပြေးလာသူ ၁၃၃ ဦးအား ဂျပန်နိုင်ငံမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားကြောင်း တရားရေးဝန်ကြီး ရာဆုဟိရိုဟာနရှိ ကသောကြာနေ့တွင်ပြောကြားခဲ့သည်။

ထိုသူများထဲတွင် ယခုလအတွင်းကဘူးလ်မြို့ရှိ ဂျပန်သံရုံးတွင်အလုပ်လုပ်ကိုင်နေသော လူ ၉၈ ဦးနှင့် ၎င်းတို့၏မိသားစုများ ပါဝင်ကြောင်း ဝန်ကြီးကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တင်းကြပ်သော ဒုက္ခသည်စိစစ်ရေးမူဝါဒရှိသော ဂျပန်အစိုးရ၏ ခွင့်ပြုချက်ရသူ ၁၃၃ ဦးဟူသောပမာဏသည် ၂၀၂၁ ခုနှစ်တွင် ခိုလှုံခွင့်ရခဲ့သည့် ၇၄ ဦးဟူ‌သော အမြင့်ဆုံးပမာဏထက်ပင်ကျော်လွန်ခဲ့သည်။

အာဖဂန်အစိုးရ အရာရှိဟောင်းများနှင့် ပူးပေါင်းဆောင်ရွက်သူများအဖြစ် ရှုမြင်ခံရသူများသည် နှိပ်စက်ညှဉ်းပန်းခံရမည်ကို စိုးရိမ်သောကြောင့် အာဖဂန်မှလူပေါင်း ၈၀၀ ခန့်သည် ဂျပန်သို့ထွက်ပြေးခဲ့ကြသည်။၂၀၂၁ ခုနှစ် ဩဂုတ်လတွင် နိုင်ငံတွင်းမှ တပ်များရုပ်သိမ်းရန် အမေရိကန်က ဆုံးဖြတ်ပြီးနောက် တာလီဘန်တို့ကအစိုးရကို ဖြုတ်ချကာအာဏာပြန်ရခဲ့သည်။

လွန်ခဲ့သည့်တစ်နှစ်ခွဲအတွင်း အာဖဂန်နစ္စတန်မှ လူပေါင်းအနည်းဆုံး ၁၈၀,၀၀၀ ထက်မနည်းထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ဒုက္ခသည်များအား ဒုက္ခသည်ကွန်ဗင်းရှင်း ကပေးအပ်သော အတည်ပြုချက်အရအမှန်တကယ်ဒုက္ခသည်ဟုတ်မဟုတ် သင့်လျော်အောင် အတည်ပြုဆုံးဖြတ်ထားကြောင်း ဟာနရှိ ကပြောကြားခဲ့သည်။

“အမှန်တကယ် ခိုလှုံခွင့်လိုအပ်နေသူများအား လုံခြုံသောအကာအကွယ်များ ဆက်လက်ပေးအပ်သွားရန်မျှော်လင့်ပါသည်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

သံရုံးနှင့်ဆက်သွယ်မှုရှိသည့် လူ ၉၈ ဦးအား ဩဂုတ်လ ၁၉ ရက် နေ့စွဲဖြင့် ဒုက္ခသည်အဖြစ်အတည်ပြုခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။အဘယ်‌ ကြောင့်ဆိုသော် ၎င်းတို့၏ “နိုင်ငံရေးအမြင်များ” သည် ၎င်းတို့အားနှိပ်စက်ညှဉ်းပန်းမှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သောကြောင့်ဖြစ်သည်။

သို့သော်အခြားအာဖဂန်များကလည်း ဒုက္ခသည်အဖြစ်ထောက်ပံ့ဖို့ လျှောက်ထားနေကာ ယခုကိစ္စနှင့်ပတ်သက်၍ ဂျပန်၏‌နှောင့်နှေးသော ဆုံးဖြတ်ချက်သည် အခြေခံအားဖြင့်မပြောင်းလဲကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူရှေ့နေတဦးကထောက်ပြခဲ့သည်။နှိပ်စက်ညှဉ်းပန်းမှုမှထွက်ပြေးလာသည့် အခြားလူများကိုလည်း ပိုမိုလက်ခံပေးရန် ရှေ့နေများကတောင်းဆိုခဲ့သည်။

ဂျပန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနသည် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလာသူများကို အချို့သောအခြေအနေများအရ တစ်နှစ်ကြာ နေထိုင်ခွင့်ပြုထားပြီး အလုပ်လုပ်နိုင်သည့်သတ်မှတ်ချက်များပါဝင်သည့် ဗီဇာများထုတ်ပေးခဲ့သည်။

ဂျပန်နိုင်ငံရှိ ဒုက္ခသည်များအတွက် ပုံမှန်အားဖြင့် ငါးနှစ်နေထိုင်ခွင့်ပေးထားကာ အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားရန် အရည်အချင်းပြည့်မီပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီပါကလျှောက်ထားခွင့်ပြုသည်ဟုဖော်ပြထားသည်။

Source -ကျိုတိုသတင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၁၃ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကင်ညာနိုင်ငံသား(၅၉)ဦး၊ ယူဂန်ဒါနိုင်ငံသား(၂၀)ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား(၁၃)ဦး၊ ကင်မရွန်းနိုင်ငံသား(၃) ဦး၊ ဂါနာနိုင်ငံသား(၃)ဦး၊ ဆီရီရာလီယွန်နိုင်ငံသား(၂) ဦး၊ လိုင်ဘေးရီးယားနိုင်ငံသား(၁)ဦး၊ မာလာဝီနိုင်ငံ သား(၁)ဦးနှင့် ဘူရွန်ဒီနိုင်ငံသား(၁)ဦးတို့အား မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေ 

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်ကကျင်းပသည့် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ ဖွင့်ပွဲတွင်ပြောကြားခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝအတွက် အခြေခံအကျဆုံးဖြစ်ကာ တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အနှုတ်လက္ခဏာဆောင်ပြီး နိုင်ငံတည်ငြိမ်မှုကိုထိခိုက်စေနိုင်သဖြင့် မငြိမ်းချမ်းပါက ဆိုးကျိုးများနှင့်သာတွေ့ကြုံရမည်ကိုသိထားရကြမည်ဟု ပြောသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား သာသနာပြုလုပ်ငန်းများအတွက်ရည်စူးကာ သီတဂူဆရာတော်ကြီးထံသို့ လှူဒါန်းခြင်းဖြစ်ကာ အင်းစိန်ရွာမဆရာတော်ကြီး (ကိုယ်စား) ဆရာတော်ကြီး၏တပည့်များမှ သီတဂူဆ ရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071