ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်တွင် အငှားယာဉ် မောင်း အမျိုးသားတစ်ဦး ဓါးဖြင့် အထိုးခံရပြီး အသက်ဆုံး ရှုံးခဲ့ရကာ ၎င်းထံ ပါရှိသည့် ငွေတချို့နှင့် ဖုန်းတို့ လုယက်ခံလိုက်ရကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူများထံမှ သိရသည်။
ဧပြီ (၂၄)ရက်၊ ည (၈)နာရီ (၂၀)အချိန်ခန့်က တာမွေအဝိုင်းထိပ်၊ တံတားအောက် ၊ (၁၆၄) လမ်းထိပ်တွင် အငှားယာဉ် မောင်းတစ်ဦး ဓားထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း ၊လမ်းလျှောက်သွားသူတစ်ဦး
ထိုးခြင်းဖြစ်ကြောင်း
( လူလတ်ပိုင်း ဆံပင်ဂုတ်ဝဲ မတ်စ်တပ်ထားသူ ဟုသိရ )အနီးနားမှပြောပြချက်အရသိရှိရ သည်။
ညတွင်းချင်းပင်တာမွေရဲစခန်း သို့ မိသားစုဝင်များရောက်ရှိတိုင်ချက်ဖွင့်ထားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အငှားယာဉ်မောင်း အမျိုးသားမှာ ထိုးသွင်းဒဏ်ရာဖြင့် အသက်ဆုံးရှုံးခဲ့ရပြီး မြန်မာမွတ်ဆလင်ပရဟိတအသင်း HSE ယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆော င်ကူညီပေးခဲ့ကြောင်း သိရသည်။