ရှမ်းပြည်နယ်၊တာချီလိတ်မြို့ရှိ တာချီလိတ်မြို့ရှောင်လမ်းတွင် ဇန်နဝါရီ ၁ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က တာချီလိတ်မြို့ရှောင်လမ်းရှိ ဆိုင်တစ်ဆိုင်အနီးတွင် ကိုယ်ပိုင် ကားမှလမ်းဘေးတွင်ရပ်ထားသည့် ကားအားအ ရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့သည်။
ဖြစ်စဥ်တွင် ကိုယ်ပိုင်ကားမောင်းသူ ကိုစိုင်းဝန်းဆိုင်(၂၈)နှစ်၏ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက တာချီလိတ်မြို့ပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူအား တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးမှ အရေးပေါ်ဆေးကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် ကျိုင်းတုံဆေးရုံကြီးသို့ လွှဲ ပြောင်းကုသရန် နံနက် ၈ နာရီခွဲခန့်တွင် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ထပ်မံပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း


