ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်တွင် သြဂုတ် ၁၇ ရက်နှင့် ၁၅ ရက်တို့က ၂ ရက်အတွင်း နေအိမ်များအတွင်းမှ စိတ်ကြွဆေးပြား ၈၂၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၇ ရက်နံနက် ၁၀ နာရီခွဲခန့်က တာချီလိတ်မြို့နယ်၊ဟိုနားကျေးရွာနေ အားဘဲ(၅၈)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၄၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် သြဂုတ် ၁၅ ရက်နေ့လည် ၃ နာရီခွဲတွင်လည်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ပုန်းထွန်ရပ်ကွက်၊ငွေစေတီလမ်းနေ ဇင်မျိုးဦး(၃၁)နှစ်၏နေအိမ်အတွင်းမှ စိတ်ကြွ ဆေးပြား ၄၂၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။