Friday, July 11, 2025

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက်...

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု...

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...
HomeNewsLocal Newsတာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ် ချုပ်လမ်းမဘေးတွင်ဖွင့်လှစ်ထားသော First Rate Mobile ဖုန်းဆိုင်အတွင်းသို့ အမျိုးသား(၄) ဦးမှ သေနတ်များကိုင်ဆောင်၍ဝင်ရောက်လာပြီးနောက် ဆိုင်ဝန်ထမ်းများအား ကြမ်းပြင်ပေါ်တွင်မှောက်ခိုင်းပြီးနောက် ဆိုင်နောက်ခန်း၌ ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်း ကိုဟိန်းမြတ်သူ(၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ပြီးနောက် ဆိုင်အတွင်းရှိ ငွေကျပ် (၁၁၂၁)သိန်းခန့်တန်ဖိုးရှိ iPhone (၂၀)လုံးအား လုယက်ယူဆောင်ကာထွက်ပြေးသွားခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် တာချီလိတ်မြို့မရဲစခန်းက (ပ) ၁၆၈/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့်အမှုဖွင့်ကာ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများသည် တာချီလိတ်မြို့နယ်၊ ဖန်ပင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ ဦးဆမ်ကြွက်(စိစစ်ဆဲ)၏ အငှားနေအိမ်လိုင်းခန်း၏ အခန်းအမှတ်(၁၀) တွင်ရောက်ရှိနေကြောင်း သတင်းအရ ည ၁၂ နာ ရီခွဲတွင် လုံခြုံရေးအဖွဲ့ဝင်များက ယင်း အငှားနေ အိမ်လိုင်းခန်းအား ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူများက သေနတ်များဖြင့် စ တင်ပစ်ခတ်ပြီး ထွက်ပြေးရန်ကြိုးစားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ ပြစ်မှုကျူး လွန်ခဲ့သူများဖြစ်သည့် ဖန်လီ(၃၄)နှစ်အပါအ ဝင်(၄)ဦးအားအသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ရှာ ဖွေစစ်ဆေးမှုများပြုလုပ်ရာ BWHE 610 Glock ပစ္စတို(၁)လက်၊ ၎င်းကျည်(၂)တောင့်၊ ကျည်အိမ် (၂)ခု၊ အမေရိကန်နိုင်ငံထုတ် ZEV ပစ္စတို(၁) လက်၊ ၎င်းကျည်(၂)တောင့်၊ ကျည်အိမ်(၁)ခု၊ အ သံတိတ်ပြောင်း(၁)ခု၊ အမေရိကန်နိုင်ငံထုတ် SIGSAUER ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ဩ စတြေးလျနိုင်ငံထုတ် TARAN TACTICAL INNOVATION (COMBAT MASTER) ပစ္စတို(၁) လက်၊ ၎င်းကျည်(၃)တောင့်၊ ကျည်အိမ်(၁)ခု၊ အ သံတိတ်ပြောင်း(၁)ခု၊ TOYOTA WISH ကား(၁) စီးနှင့် အနက်ရောင်လက်ဆွဲအိတ်အတွင်းထည့်ထားသော လုယက်ယူဆောင်သွားခဲ့သည့် ဖုန်း (၁၂)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုယက်မှုဖြစ်စဉ်၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော ဖုန်းဆိုင်ဝန်ထမ်းဖြစ်သော ကိုဟိန်းမြတ်သူသည် ကျည်ထိမှန်ဒဏ်ရာ(၁)ချက်ရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးတာဝန်ယူ

အာဆီယံ-ဗီယင်နာကော်မတီ ဥက္ကဋ္ဌတာဝန်အား မြန်မာသံအမတ်ကြီးဦးမင်းသိန်းက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလမှ ဇွန်လအထိအား လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက တာဝန်ယူခဲ့သည်။ အဆိုပါ ဥက္ကဋ္ဌတာဝန်အတွက် တာဝန်လွှဲပြောင်းပွဲနှင့် အာဆီယံ-ဗီယင်နာကော်မတီ၏ (၅၃)ကြိမ်မြောက်အစည်းအဝေးတို့အား ဇူလိုင် ၈ ရက်က ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ကျင်းပရာ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် လာအိုသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ကော်မတီ၏လှုပ်ရှားဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌတာဝန်အား တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာသွားသည့် လာအိုသံအမတ်ကြီး(ကိုယ်စား)လာအိုသံရုံးယာယီတာဝန်ခံက မြန်မာသံအမတ်ကြီးထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုသို့ လွှဲပြောင်းလက်ခံပြီးနောက် အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌသစ် မြန်မာသံအမတ်ကြီးက လာမည့်(၆)လတာကာလအတွင်း ကော်မတီ၏လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်သစ်များကို အဆိုပြုဆွေးနွေးပြီးအတည်ပြုခဲ့ကြသည်။

ရှမ်း/မြောက် ဂုတ်တွင်းလမ်းပိုင်း ယာယီပိ-တ်

ရှမ်း/မြောက် နောင်ချိုနှင့် ကျောက်မဲမြို့အကြားတွင်ရှိသည့် ဂုတ်တွင်းလမ်းပိုင်းကို ယနေ့ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ယာယီပိ-တ်လိုက်ခြင်းကြောင့် မန္တလေး-လားရှိုး အတက်အဆင်းကားများ ပြန်လှည့်ခဲ့ရသည်ဟု ဒေသတွင်းယာဉ်မောင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ ယင်းအတွက် ဒေသတွင်းခရီးသွားများအနေဖြင့် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း ဆိုသည်။ ထို့အပြင် အခြားလမ်းပိုင်းတစ်ခုဖြစ်သည့် နမ့်လန်-မိုင်းကိုင်-လဲချား-ပင်လုံ-တောင်ကြိး-မန္တလေးလမ်းပိုင်းများမှလည်း သွားလာနေကြရပြီး၊ ယခုလမ်းပိုင်းမှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းများပျ-က်စီးနေသဖြင့် ထွန်စက်များဖြင့် ဆွဲနေရကြောင်း သိရသည်။ " တောင်ကြီးဘက်နဲ့ မိုးကုတ်ဘက် နှစ်လမ်းရှိတာပေါ့။ လမ်းအခြေအနေအရကတော့ ညအိပ်ရင်လည်း အိပ်ရနိုင်တယ်။ လမ်းကောင်းတယ် တိုက်ပွဲမရှိရင်တော့ နေ့ချင်းပေါက်နိုင်ပါတယ်"ဟု ရှင်းပြသည်။ ယနေ့...

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071