Friday, February 13, 2026

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...

ဇန်နဝါရီလတွင် ဆန်နှင့် ဆန်ကွဲ တန်ချိန်...

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ ပြည်ပသို့ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်‌ရေးလမ်းကြောင်းများကတဆင့်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်၏...

ရန်ကုန်-ဒလမြစ်ကူးတံတားဖြတ်သန်းခွင့်ကို မနက် ၄ နာရီမှ...

မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားဖြတ်သန်းခွင့်ကို အချိန်ထပ်တိုးပေးလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါတံတားဖွင့်ကာစတွင် မနက် ၆ နာရီမှ ည ၈ နာရီအထိ...
HomeNewsLocal Newsတာချီလိတ်နဲ့ရွာငံမှာ ကျပ်သိန်း ရှစ်ထောင်နီးပါးရှိတဲ့...

တာချီလိတ်နဲ့ရွာငံမှာ ကျပ်သိန်း ရှစ်ထောင်နီးပါးရှိတဲ့ ICE နဲ့စိတ်ကြွဆေးတွေဖမ်းမိ

(Unicode)

တာချီလိတ်နဲ့ရွာငံမှာ ကျပ်သိန်း ရှစ်ထောင်နီးပါးရှိတဲ့ ICE နဲ့စိတ်ကြွဆေးတွေဖမ်းမိ

ရှမ်းပြည်နယ်က တာချီလိတ်မြို့နယ်နဲ့ရွာငံမြို့ နယ်တို့မှာ နိုဝင်ဘာ ၂၁ ရက်မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတို့မှာ ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိတဲ့ ICE ရယ်စိတ်ကြွဆေးပြားတွေရယ်ကို ဖမ်းမိခဲ့တယ်လို့ ရဲကပြောသည်။

ဖြစ်စဥ်တွေမှာ မနက် ၉ နာရီခွဲက ရွာငံမြို့နယ်၊ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်းရဲ့ ယုန်တောင်ရွာနားမှာ ရွာငံဖက်ကနေ ဟန်မြင့်မိုရ်ဘက်ကို ဇော်မင်းဦး(ခ)တာတေကြီး(၃၉)နှစ် မောင်းလာတဲ့ Probox ကားကိုရှာဖွေရာမှာ စိတ်ကြွဆေး ခြောက်သိန်းပြားကို ဖမ်းမိခဲ့ပါတယ်လို့ ရဲကပြောသည်။

အဲဒီနေ့ နေ့လည် ၁ နာရီမှာလည်း တာချီလိတ်မြို့နယ်၊ဖန်မင်ကျေးရွာအုပ်စု၊ဝမ်ကျောက်လုံရွာနားမှာ စိုင်းဆိုင်လောင်(၂၅)နှစ်မောင်းပြီး စိုင်းညီညီလင်း(ခ)စိုင်းဉာဏ်လင်း(၂၄)နှစ်နဲ့မနန်းယွန်းသီရိအောင်(ခ)ယွန်းယွန်း(၂၃)နှစ်တို့ လိုက်လာတဲ့ Crown ကားပေါ်ကနေ ICE (မက်သ်အဖက်တမင်း) ၅၀ ကီလိုကိုဖမ်းမိခဲ့ပါသည်။

ဖမ်းမိသူတွေရဲ့ဖော်ထုတ်ချက်အရ နေ့လည် ၁ နာ ရီခွဲမှာ မယ်ယန်းရွာက စိုင်းဆိုင်လောင် ငှားနေတဲ့ နေအိမ်အိပ်ခန်းထဲက ICE (မက်သ်အဖက်တမင်း) ၉ ဒသမ ၉၅ ကီလိုကို ထပ်ပြီးသိမ်းဆီးရမိခဲ့တယ်လို့ ရဲကပြောသည်။

ဖမ်းမိသူတွေကို သက်ဆိုင်ရာရဲစခန်းတွေက မူး ယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့အတွက် စစ်ဆေးနေသည်။

(Zawgyi)







Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071