ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊လွယ်တော်ခန်းကျေးရွာအုပ်စုတစ်ရာကုတ်ကျေးရွာအနီးရှိ စိတ် ကြွဆေးပြားထုတ်လုပ်သည့်စခန်းအား နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များမှဝင်ရောက်စီးနင်းရှာဖွေစဥ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။
ယင်းနေ့နံနက် ၆ နာရီခန့်က တစ်ရာကုတ်ကျေးရွာအနီးရှိ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စခန်းအား လုံခြုံရေးအဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြသည်။
အဆိုပါ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စခန်းအတွင်း၌ ကျော်စိန်၊ ကျားယော်၊ ကျကော့၊ ကျလော၊ ကျကျိုး၊ ဒါယေလ၊ အိုက်ရီ(ခ)ကျိုင်းရီနှင့် ကျယုတို့အား ငွေကျပ် ၂ ဒသမ ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂ ဒသမ ၇၃၃ သန်းပြား၊ စိတ်ကြွဆေးအကြေမှုန့် ၂၅၃ ကီလို၊ ဘိန်းစိမ်း ၃ ကီလို၊ ကဖင်း ၂၉ ကီလို၊ AK-47 သေ နတ် ၂ လက်၊ ၎င်းကျည် ၁၀ တောင့်၊ အမ်-၂၂ သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းရှည်သေနတ် ၁ လက်၊ စိတ်ကြွဆေးပြားထုတ်လုပ်သည့် ဆေး ပြားရိုက်က်စက် ၁ လုံး၊ဆက်စပ်ပစ္စည်းများနှင့်အ တူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ နိုဝင် ဘာ ၁၄ ရက်မွန်းလွဲ ၂ နာရီတွင် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ရေပူစမ်းကျေးရွာရှိ စိတ်ကြွဆေးပြားထုတ်လုပ်သည့် စခန်းပိုင်ရှင် ဘောဇ(ခ)ဘောစနှင့်ဂျိုးဇက်(ခ)ကဲဘာ တို့၏နေအိမ်တို့အား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၁၃၆၀ ပြား၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင်အသုံးပြုသည့် မွှေစက်အသေး ၁ လုံး၊ ကျကော့ ၏နေအိမ်မှ စိတ် ကြွဆေးပြား ၇၃၉၂ ပြား၊စိတ်ကြွဆေးအကြေမှုန့် ၇၀၀ ဂရမ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုး အမြတ်များနှင့်ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် တာဝန်ရှိသူများက ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


