ဆာနေးတာကာအိချိသည် ဂျပန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာစေမည့် အင်္ဂါနေ့က လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်မှုတွင် အနိုင်ရရှိခဲ့သဖြင့် သမိုင်းသစ်ရေးထိုးလိုက်ပြီဖြစ်သည်။
တာကာအိချိသည် အမတ် ၄၆၅ ဦးရှိ သော အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၃၇ မဲရရှိခဲ့သောကြောင့် နောက်တကျော့မဲပေးရန် မလိုအပ်တော့ဟု အင်န်အိပ်ချ်ကေ သတင်းဌာနက ဖော်ပြခဲ့သည်။
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ဂျပန် အင်နော့ဗေးရှင်း ပါတီ(ဂျေအိုင်ပီ) နှင့် မဟာမိတ်ဖွဲ့ကာ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့စည်းရန် သီတင်းပတ်ကုန်ပိုင်းတွင် သဘောတူညီချက်ရယူနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ အနိုင်ရလာခြင်းဖြစ်သည်။
ပါလီမန်အမတ်နေရာများ လျှော့ချရေး၊ အခမဲ့အထက်တန်းပညာရေးစနစ်၊ စားသုံးခွန်ကောက်ခံမှုကို ၂ နှစ် ရပ်ဆိုင်းရေး ကဲ့သို့သော ဂျေအိုင်ပီ ၏ မူဝါဒများကို တာကာအိချိက ထောက်ခံသဘောတူပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်ပြည်တွင်း သတင်းမီဒီယာများက ဂျေအိုင်ပီ သည် အစိုးရအဖွဲ့သစ်တွင် ဝန်ကြီနေရာများကို ရယူလိုစိတ် ရှိချင်မှ ရှိမည်ဖြစ်ပြီး အစိုးရကို အပြင်မှသာ ပံ့ပိုးပေးသွားမည်ဟု သတင်းများကို ရေးသား ဖော်ပြခဲ့ကြသည်။
Ref: စီအင်န်ဘီစီ
