(Unicode)
တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးစတင်
ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်မှာ တရုတ်သမ္မတကိုယ်တိုင်တက်ရောက်တဲ့ တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးစတင်ကျင်းပနေပြီဖြစ်ပါတယ်။
အွန်လိုင်းကနေတဆင့်ကျင်းပတဲ့အစည်းအဝေးမှာ တရုတ်သမ္မတနဲ့အာဆီယံနိုင်ငံအသီးသီးက နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တက်ရောက်နေတာရှိပေမယ့် မြန်မာနိုင်ငံနေရာမှာတော့ တက်ရောက်သူမရှိဘဲ လစ်လပ်နေတာရှိပါတယ်။
အာဆီယံဘက်က ထိပ်သီးအစည်းအဝေးတွေမှာ နစကအကြီးအကဲကို အစည်းအဝေးမဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုပဲ တက်ရောက်ဖို့ဖိတ်ကြားထားတာရှိပါတယ်။
ဒီလိုဖိတ်ကြားမှုကြောင့် နစကဘက်က ထိပ်သီးအစည်းအဝေးတွေကို ကိုယ်စားလှယ်မလွှတ်ဘဲ မတက်ခဲ့တာတွေ့ရပါတယ်။
နစကပြန်ကြားရေးအဖွဲ့က ယနေ့ပြုလုပ်တဲ့ တရုတ် – အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် မတက်ဖြစ်တဲ့အကြောင်းကိုအခုလိုပြောပါတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်း၊ မဟာဗျူဟာ မိတ်ဖက် နိုင်ငံကောင်း၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသော နိုင်ငံကောင်းပီသစွာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အား အစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ အစည်းအဝေး တက်နိုင်အောင်လည်း အာဆီယံနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သည့် မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် တရုတ်နိုင်ငံအား အထူးကျေးဇူးတင်ရှိ ပါသည်။အချို့သော အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင် အာဆီယံထိပ်သီးအစည်းအဝေး ရပ်တည်ချက်အတိုင်းပင် နိုင်ငံရေး ရာထူးမရှိသူကိုယ်စားလှယ် တစ်ဦးတက်ရန်ကိုသာ ဆောင်ရွက်ဖိအားပေးခဲ့ပါသည်။ GMS (Greater Mekong Subregion) ၌ ပါဝင်သော အာဆီယံ ၅ နိုင်ငံအနေဖြင့်ကောင်းမွန်ညီညွတ်သော ဆက်ဆံရေးများရှိကြပါသည်။ အချို့ အာဆီယံနိုင်ငံများ အနေဖြင့် အယူအဆ၊ အယူဝါဒကွဲပြားမှုများရှိကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည့် အချိန်မှာ ၁၉၉၇ ခုနှစ် တပ်မတော်အစိုးရလက်ထက်၌ ဖြစ်ပါသည်။ အစိုးရကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်းမဟုတ်၊ နိုင်ငံကို ကိုယ်စားပြုဝင်ရောက်ခဲ့ခြင်းသာဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ ပဋိညာဉ်၊ အာဆီယံစိတ်ဓါတ်၊ အာဆီယံ လမ်းစဉ်များကို တိကျစွာလိုက်နာခဲ့ပါသည်။ ဆက်လက်၍လည်း လိုက်နာဆောင်ရွက်လျက်ရှိပြီး ဖွဲစည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်ပါ “ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” မူများကို စောင့်ထိန်းသွားမည်ဖြစ်ပါသည်”ဟု ပြောဆိုထားတာရှိပါတယ်။
Photo Credit – bangkokpost.com
(Zawgyi)
တ႐ုတ္-အာဆီယံထိပ္သီးအစည္းအေဝးစတင္
ဒီကေန႔ ႏိုဝင္ဘာလ ၂၂ ရက္မွာ တ႐ုတ္သမၼတကိုယ္တိုင္တက္ေရာက္တဲ့ တ႐ုတ္-အာဆီယံထိပ္သီးအစည္းအေဝးစတင္က်င္းပေနၿပီျဖစ္ပါတယ္။
အြန္လိုင္းကေနတဆင့္က်င္းပတဲ့အစည္းအေဝးမွာ တ႐ုတ္သမၼတနဲ႔အာဆီယံႏိုင္ငံအသီးသီးက ႏိုင္ငံထိပ္ပိုင္းေခါင္းေဆာင္ေတြပါဝင္တက္ေရာက္ေနတာရွိေပမယ့္ ျမန္မာႏိုင္ငံေနရာမွာေတာ့ တက္ေရာက္သူမရွိဘဲ လစ္လပ္ေနတာရွိပါတယ္။
အာဆီယံဘက္က ထိပ္သီးအစည္းအေဝးေတြမွာ နစကအႀကီးအကဲကို အစည္းအေဝးမဖိတ္ဘဲ ႏိုင္ငံေရးနယ္ပယ္က မဟုတ္သူကိုပဲ တက္ေရာက္ဖို႔ဖိတ္ၾကားထားတာရွိပါတယ္။
ဒီလိုဖိတ္ၾကားမႈေၾကာင့္ နစကဘက္က ထိပ္သီးအစည္းအေဝးေတြကို ကိုယ္စားလွယ္မလႊတ္ဘဲ မတက္ခဲ့တာေတြ႕ရပါတယ္။
နစကျပန္ၾကားေရးအဖြဲ႕က ယေန႔ျပဳလုပ္တဲ့ တ႐ုတ္ – အာဆီယံအစည္းအေဝးမွာ ျမန္မာႏိုင္ငံမွ ကိုယ္စားလွယ္ မတက္ျဖစ္တဲ့အေၾကာင္းကိုအခုလိုေျပာပါတယ္။
“တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအေနျဖင့္ အိမ္နီးခ်င္းေကာင္း၊ မဟာဗ်ဴဟာ မိတ္ဖက္ ႏိုင္ငံေကာင္း၊ ေဆြမ်ိဳးေပါက္ေဖာ္ ဆက္ဆံေရးရွိေသာ ႏိုင္ငံေကာင္းပီသစြာ ျမန္မာႏိုင္ငံမွ ကိုယ္စားလွယ္အား အစည္းအေဝးတက္ေရာက္ရန္ ဖိတ္ၾကားခဲ့ပါသည္။ အစည္းအေဝး တက္ႏိုင္ေအာင္လည္း အာဆီယံႏိုင္ငံမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ပါသည္။ ထိုသို႔ေဆာင္႐ြက္ခဲ့သည့္ မိတ္ေဆြေကာင္း၊ မိတ္ေဆြစစ္ တ႐ုတ္ႏိုင္ငံအား အထူးေက်းဇူးတင္ရွိ ပါသည္။အခ်ိဳ႕ေသာ အာဆီယံႏိုင္ငံမ်ားအေနျဖင့္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ယခင္ အာဆီယံထိပ္သီးအစည္းအေဝး ရပ္တည္ခ်က္အတိုင္းပင္ ႏိုင္ငံေရး ရာထူးမရွိသူကိုယ္စားလွယ္ တစ္ဦးတက္ရန္ကိုသာ ေဆာင္႐ြက္ဖိအားေပးခဲ့ပါသည္။ GMS (Greater Mekong Subregion) ၌ ပါဝင္ေသာ အာဆီယံ ၅ ႏိုင္ငံအေနျဖင့္ေကာင္းမြန္ညီၫြတ္ေသာ ဆက္ဆံေရးမ်ားရွိၾကပါသည္။ အခ်ိဳ႕ အာဆီယံႏိုင္ငံမ်ား အေနျဖင့္ အယူအဆ၊ အယူဝါဒကြဲျပားမႈမ်ားရွိၾကပါသည္။ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕ထဲသို႔ ဝင္ေရာက္ခဲ့သည့္ အခ်ိန္မွာ ၁၉၉၇ ခုႏွစ္ တပ္မေတာ္အစိုးရလက္ထက္၌ ျဖစ္ပါသည္။ အစိုးရကို ကိုယ္စားျပဳဝင္ေရာက္ခဲ့ျခင္းမဟုတ္၊ ႏိုင္ငံကို ကိုယ္စားျပဳဝင္ေရာက္ခဲ့ျခင္းသာျဖစ္ပါသည္။ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ အာဆီယံ ပဋိညာဥ္၊ အာဆီယံစိတ္ဓါတ္၊ အာဆီယံ လမ္းစဥ္မ်ားကို တိက်စြာလိုက္နာခဲ့ပါသည္။ ဆက္လက္၍လည္း လိုက္နာေဆာင္႐ြက္လ်က္ရွိၿပီး ဖြဲစည္းပုံအေျခခံဥပေဒ(၂၀၀၈) ခုႏွစ္ပါ “ လြတ္လပ္တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရးဝါဒ၊ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ ေပါင္းဖက္ဆက္ဆံေရး၊ ႏိုင္ငံအခ်င္းခ်င္း ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး” မူမ်ားကို ေစာင့္ထိန္းသြားမည္ျဖစ္ပါသည္”ဟု ေျပာဆိုထားတာရွိပါတယ္။
Photo Credit – bangkokpost.com