ပေကျင်း၊ ဇန်နဝါရီ ၇
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ယခုအချိန်အထိ ထိခို-က်ေ-သဆုံးမှုသတင်း ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။
တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ (CENC) ၏ အဆိုအရ နံနက် ၃ နာရီ ၁၇ မိနစ်တွင် ခရိုင်ကို ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၃၇.၅၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၇၄.၉၃ ဒီဂရီတွင် စောင့်ကြည့်ခဲ့သည်။ ငလျင်သည် အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း CENC က ဆိုသည်။
ဒေသခံ အစိုးရနှင့် အရေးပေါ် တုံ့ပြန်ရေး အာဏာပိုင်များက အသေအပျောက် သို့မဟုတ် ပစ္စည်းများ ပျ-က်စီးမှု သတင်းများ မရှိသေးကြောင်း ရှင်းဟွာသို့ ပြောကြားခဲ့သည်။ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးများ ထိခို-က်မှု မရှိခဲ့သကဲ့သို့ နေထိုင်သူများ၏ နေ့စဉ်ဘဝနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှာလည်း ပုံမှန်အတိုင်း ရှိနေခဲ့ကြောင်းသိရသည်။
Ref: ရှင်းဟွာ
