Saturday, May 24, 2025

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင်...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈...

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ...

ထိုင်းမှာ ရဲရဟတ်ယာဉ်ပျ-က်ကျ၍လူသုံးဦး‌ေ-သဆုံး

ထိုင်းနိုင်ငံ ပရာချွတ်ခီရီခန် ပြည်နယ် မွမ်ခရိုင်တွင် စနေနေ့ မွန်းလွဲပိုင်းက ရဲရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ မီးလေ-ာင်ခဲ့မှုကြောင့် လူ သုံးဦး‌ေ-သဆုံးကာ တစ်ဦးလေထီးခုန်ထွက်ခဲ့ကြောင်း သိရသည်။ နွန်ကော့ကျေးရွာတွင်...
HomeInternationalတရုတ်-ရုရှားချစ်ကြည်ရင်းနှီးမှုကိုအသက်၊‌ သွေးတို့ဖြင့် တည်ဆောက်ခဲ့

တရုတ်-ရုရှားချစ်ကြည်ရင်းနှီးမှုကိုအသက်၊‌ သွေးတို့ဖြင့် တည်ဆောက်ခဲ့

မော်စကို၊ မေ ၇

ဖက်ဆစ်ဆန့်ကျင်‌ရေး ကမ္ဘာ့စစ်ပွဲအတွင်း လေးနက်သော သွေးနှင့် အသက်များဖြင့် တည်ဆောက်ခဲ့သော ချစ်ကြည်ရင်းနှီးမှုသည် တရုတ်နှင့် ရုရှားကြား ထာဝရတည်တံ့သော ချစ်ကြည်ရေး၏ မကုန်ခန်းနိုင်သော အရင်းအမြစ် ဖြစ်လာကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ်ဖြင့်မရောက်ရှိမီနှင့် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲတွင် အောင်ပွဲခံခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားများ မတိုင်မီ ဗုဒ္ဓဟူးနေ့တွင် ရုရှားနိုင်ငံ ဂဇတ် သတင်းစာ၏ ဆောင်းပါးတွင် ရှီ၏ မှတ်ချက်ပြု ပြောကြားချက်ကို ဤကဲ့သို့ ရေးသားဖေါ်ပြထားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သည် ဂျပန်တို့၏ ကျူးကျော်မှုကို တော်လှန်သည့် တရုတ်ပြည်သူ့စစ် အောင်ပွဲ၏ နှစ် (၈၀) ပြည့် နှစ်ပတ်လည် ဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ် စစ်ပွဲအောင်ပွဲ၊ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေး အောင်ပွဲ၊ ကုလသမဂ္ဂကို တည်ထောင်ခဲ့သည့် နှစ် ၈၀ ပြည့်အောင်ပွဲ၊ သူရဲကောင်းများကို ရှရှားပြည်သူများ နှင့်အတူ အတိတ်ကို ဂုဏ်ပြုကာ အာဇာနည်များအား ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည် ။

ကမ္ဘာ့ဖက်ဆစ်‌တော်လှန်‌ရေး စစ်ပွဲတွင် ဗိုလ်ချုပ်ကြီးများမှအစပြု၍ စစ်သည်များအထိတိုင် ကြီးမားစွာ ပါဝင်ခဲ့သူများအားလုံးကို မည်သည့်အခါမျှ မေ့ပျောက်မည်မဟုတ်ကြောင်း တရုတ်နှင့် ရုရှားပြည်သူများက စစ်ပွဲအတွင်း အတူတကွ တိုက်ခိုက်ကာ သာတူညီမျှ ကူညီခဲ့ကြကြောင်း ရှီက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ် ရှစ်ဆယ်က တရုတ်နှင့် ဆိုဗီယက်ယူနီယံတို့ အပါအဝင် တစ်ကမ္ဘာလုံးက အင်အားစုများသည် ဘုံရန်သူကို တိုက်ထုတ်ကာ ဖက်ဆစ်ဝါဒကို အနိုင်ယူခဲ့ကြသည်ဟု ရှီက ပြောကြားခဲ့သည်။

ယနေ့ အခါ၌ ဆယ်စုနှစ် ရှစ်ခုကြာပြီးနောက်၊ တစ်ဖက်သတ်ဝါဒ၊ ဗိုလ်ကျစိုးမိုးရေး နှင့် အနိုင်ကျင့်သော လုပ်ရပ်များသည် အကြီးအကျယ် ဒုက္ခ ပေးနေကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စည်းလုံးညီညွတ်မှု သို့မဟုတ် ကွဲပြားမှု၊ ဆွေးနွေးမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှု၊ နှစ်ဦးနှစ်ဖက်အကျိုးရှိမှု သို့မဟုတ် ဒုက္ခ ရောက်မှု တည်းဟူ သော လမ်းဆုံလမ်းခွတစ်ခု၌ ရောက်ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာနိုင်ငံများသည် သမိုင်းကို မှန်တစ်ချပ်အဖြစ် ရှုမြင်၍ ဒုတိယကမ္ဘာစစ်မှရရှိခဲ့သော လေးနက်သောသင်ခန်းစာများနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေးစစ်ပွဲတွင် ရရှိခဲ့သော ကြီးစွာသောအောင်ပွဲများမှ ဉာဏ်ပညာနှင့် ခွန်အားများကိုရယူကာ ဗိုလ်ကျစိုးမိုးမှုနှင့် ပါဝါနိုင်ငံရေးပုံစံအားလုံးကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး လူသားမျိုးနွယ်အတွက် ပိုမိုတောက်ပသော အနာဂတ်ကို အတူတကွဖန်တီးနိုင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ ထို့ပြင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းအောင်ပွဲအထိမ်းအမှတ် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ယောဆရာတော်ထံမှ ငါးပါးသီခံယူဆောက်တည်ခဲ့ကြသည်။ ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ကိုယ်စား) သာသနာရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုသို့ ဆက်ကပ်လှူဒါန်းပြီးနောက်...

မြန်မာအစိုးရနှင့်ထိတွေ့ဆက်ဆံမှုကျယ်ပြန့်စေရန်ထိုင်းကတွန်းအားပေးနေ

လာမည့်သီတင်းပတ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင် ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပိုမိုထိတွေ့ဆက်ဆံရေးအတွက် ထိုင်းနိုင်ငံကရပ်တည်‌ပြောကြားပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ရှည်ကြာနေသော ပြည်တွင်းစစ် အဆုံးသတ်ရေးတွင် သံတမန်ရေးရာအရပိုမို အားထုတ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးဆောင်မည်ဟု သူကဆိုသည်။ အာဆီယံက ချမှတ်ထားသော ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအမံသည် မကြာသေးခင်ကအထိ တိုးတက်မှု တစ်စုံတရာမရှိခဲ့သော်လည်း အာဆီယံဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်သည် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်လည်းကောင်း၊ NUG နှင့် လည်းကောင်း သီးခြားဆွေးနွေးခဲ့သည့်အပြင်တွေ့ဆုံဆွေးနွေးရန် အသစ်တဖန်တွန်းအားပေးခဲ့သည်။ လူပေါင်း...

ဟမ်းဘတ်မြို့ဘူတာရုံတွင် ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့ရှိ အဓိကရထားဘူတာရုံတွင် သောကြာနေ့ညနေပိုင်းက ဓ-ားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့သူ လေးဦးမှာ ကျန်းမာရေးတည်ငြိမ်လာပြီဖြစ်ကြောင်း ဟမ်ဘတ်ရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။ သောကြာနေ့ ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ညနေ ၄ နာရီ) ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်ပွားရာနေရာ၌ အသက် ၃၉ နှစ်အရွယ် ဂျာမန်အမျိုးသမီးတစ်ဦးကို ရဲအရာရှိများက ဖမ်းဆီးခဲ့သည်။ သံသယရှိသူတွင် စိတ်ကျန်းမာရေးချို့ယွင်းမှုရှိကြောင်း "အလွန်ခိုင်မာသော အထောက်အထား" ရှိပြီး တိုက်ခိုက်မှုမှာ နိုင်ငံရေးလှုံ့ဆော်မှုကြောင့်ဟူသည့် အထောက်အထားမတွေ့ရဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071