တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုခွင့်ပြု
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲ မှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၄၈ /၂၀၂၁ ထုတ်ပြီး ကြေညာလိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၇ နှင့် ပုဒ်မ ၂ တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြေညာစာထဲ ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန် တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ခွင့်ပြုမှုကိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရန်ဖြစ်ကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၅ရက်ကစပြီး အသက်ဝင်စတင်မည်ဟုသိရသည်။
မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်ကြီးတစ်ဦးက “ဒါက ကြိုဆိုရမယ့်ကိစ္စပါ။တိုက်ရိုက်ငွေပေးချေလို့ ရတယ် ဆိုတဲ့ နောက်ဆက်တွဲမှာ အားသာချက်တွေ အများကြီးရှိသွားတယ်။အရင်က တော့ ကြားခံတွေဖြစ်တဲ့ ငွေလဲရတယ်။အဆင့်လိုက်သွားရတာပေါ့လေ။အခုကတော့ တိုက်ရိုက်ပေါ့။တစ်ဆင့် ခံနဲ့ တိုက်ရိုက်ကြား ကွာဟချက်ကို ကုန်သည်တွေ နှစ်ကာလရှည်ကြာစွာ ကြုံခဲ့ရတယ်”ဟု မှတ်ချက်ပြုသည်။
Zaw Gyi
တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံနယ္စပ္ေဒသတြင္ ယြမ္/က်ပ္ တိုက္ရိုက္အသုံးျပဳေပးေခ်မွုခြင့္ျပဳ
တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံကုန္သြယ္မွုကို တိုးျမႇင့္နိုင္ရန္ႏွင့္ ကုန္စည္စီးဆင္းမွုျမန္ဆန္ေခ်ာေမြ႕ေစနိုင္ရန္၊ ႏွစ္နိုင္ငံေငြေပးေခ်မွုႏွင့္ စာရင္းရွင္းလင္းမွုစနစ္ လြယ္ကူေခ်ာေမြ႕ေစရန္ ႏွင့္ ASEAN Financial Integration ၏ ရည္ရြယ္ခ်က္မ်ားႏွင့္အညီ ျပည္တြင္းေငြေၾကးသုံးစြဲ မွုကို တိုးျမႇင့္ရန္တို႔အတြက္ ရည္ရြယ္၍ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံနယ္စပ္ေဒသတြင္ ယြမ္/က်ပ္ တိုက္ရိုက္အသုံးျပဳေပးေခ်မွုကို ေဆာင္ရြက္ခြင့္ျပဳလိုက္သည္ဟု ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္က အမိန႔္ေၾကာ္ျငာစာအမွတ္ ၄၈ /၂၀၂၁ ထုတ္ၿပီး ေၾကညာလိုက္သည္။
ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္သည္ နိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမွုဥပေဒပုဒ္မ ၁၇ ႏွင့္ ပုဒ္မ ၂ တို႔အရ အပ္ႏွင္းထားေသာလုပ္ပိုင္ခြင့္ကိုက်င့္သုံး၍ ဤအမိန႔္ေၾကာ္ျငာစာအား ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။
ေၾကညာစာထဲ ယြမ္ /က်ပ္ တိုက္ရိုက္အသုံးျပဳေပးေခ်မွုကို ေဆာင္ရြက္ခြင့္ရသည့္ဘဏ္ (Designated Bank) မ်ားတြင္ နယ္စပ္ကုန္သြယ္မွုေဆာင္ရြက္မည့္ သြင္းကုန္တင္သြင္းသူမ်ားႏွင့္ ပို႔ကုန္ တင္ပို႔သူမ်ား၏ ယြမ္စာရင္းဖြင့္လွစ္ခြင့္ျပဳမွုကိုပါ ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္က ေဆာင္ရြက္ေပးခဲ့သည္။
ေဆာင္ရြက္ခြင့္ျပဳသည့္ Designated Bank မ်ားအေနျဖင့္ တ႐ုတ္-ျမန္မာ ႏွစ္နိုင္ငံနယ္စပ္ကုန္သြယ္မွုတြင္ ယြမ္/က်ပ္တိုက္ရိုက္ အသုံးျပဳေပးေခ်ေရးလုပ္ငန္းစဥ္မ်ား ဆိုင္ရာလမ္းညႊန္ခ်က္ (Guideline) အား လိုက္နာေဆာင္ရြက္ရန္ျဖစ္ကာ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလ ၁၅ရက္ကစၿပီး အသက္ဝင္စတင္မည္ဟုသိရသည္။
မူဆယ္အေျခစိုက္ နယ္စပ္ကုန္သည္ႀကီးတစ္ဦးက “ဒါက ႀကိဳဆိုရမယ့္ကိစၥပါ။တိုက္ရိုက္ေငြေပးေခ်လို႔ ရတယ္ ဆိုတဲ့ ေနာက္ဆက္တြဲမွာ အားသာခ်က္ေတြ အမ်ားႀကီးရွိသြားတယ္။အရင္က ေတာ့ ၾကားခံေတြျဖစ္တဲ့ ေငြလဲရတယ္။အဆင့္လိုက္သြားရတာေပါ့ေလ။အခုကေတာ့ တိုက္ရိုက္ေပါ့။တစ္ဆင့္ ခံနဲ႔ တိုက္ရိုက္ၾကား ကြာဟခ်က္ကို ကုန္သည္ေတြ ႏွစ္ကာလရွည္ၾကာစြာ ၾကဳံခဲ့ရတယ္”ဟု မွတ္ခ်က္ျပဳသည္။
