Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန်...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...
HomeNewsLocal Newsတရုတ် - မြန်မာနယ်စပ်...

တရုတ် – မြန်မာနယ်စပ် ဂိတ်များ လာမည့် ဇန်နဝါရီ (၈) ရက် နံနက်ပိုင်းမှ စတင်ကာ တပြိုင်တည်း ပြန်လည်ဖွင့်လှစ်မည်

တရုတ် – မြန်မာနယ်စပ် ကျယ်ခေါင်မြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် (၃) ခုကို လာမည့် ဇန်နဝါရီလ (၈) ရက် နံနက် (၈) နာရီမှ စတင်ကာ တပြိုင်နက်တည်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” မူဆယ် – ကျယ်ခေါင်ဂိတ်မှာ ဂိတ်သုံးဂိတ်ရှိတယ်။ မန့်ဝိန်းဂိတ်ရယ် ၊ ဆင်ဖြူဂိတ်ရယ်၊ နန်းတော် ဂိတ်ရယ်ပေါ့။ ကျင့်စန်းကျော့က နည်းနည်းဝေးတယ်။ ဒီဂိတ် သုံးဂိတ်ကို လာမည့် (၈) ရက်နေ့မှာ တရုတ်စံတော်ချိန် နံနက် (၈) နာရီမှာ တပြိုက်နက်တည်း ပြန်ဖွင့်မယ်” ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိမ်းက ပြောသည်။

အဆိုပါ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကပင် ကိုဗစ် (၁၉) ရောဂါ ထိန်းချုပ်ကာကွယ်ရေး စီမံချက်အနေဖြင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဂိတ်များ ပိတ်ထားသည့်အတွက် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

” ဂိတ်ပိတ်တာ ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလတည်းက ပိတ်လိုက်တာ။ (၃) နှစ် နီးပါးပဲ။ အဲဒီလိုပိတ်လိုက်တဲ့အတွက် မူဆ ယ်မှာ ရှိတဲ့ အလုပ်သမားတွေက တရုတ်ကိုနေ့တိုင်းအလုပ်ဆင်းနေရတာကနေ မဆင်းနိုင်တော့ဘူး။ ထောင်ဂဏန်းရှိတယ်။ နောက်တစ်ခါ မန့်ဝိန်းဂိတ်ဆိုရင် တစ်ရက်ကို ကုန်တင်ကား အစီး ၄၀၀/၅၀၀ အဝင်အထွက်လုပ်နေတာ။ အဲဒါကို ပိတ်လိုက်တော့ နယ်စပ်ကုန်သွယ်ရေးက လုံးဝကို ထိုးကျသွားတာ။ အခုလို ပြန်ဖွင့်ခြင်းအတွက်ကြောင့် ကုန်သည်တွေအတွက်လည်း အများကြီး အကျိုးရှိတယ်။ နောက်တစ်ခါ တရုတ်ကိုသွားပြီး အလုပ်လုပ်နေရတဲ့ မြန်မာလုပ်သားတွေအတွက်လည်း အဆင်ပြေတယ်။ နှစ်နိုင်ငံနယ်စပ်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက်လည်း အဆင်ပြေတဲ့အတွက် အခုလိုဂိတ်တွေ ပြန်ဖွင့်တာကို ကြို ဆိုပါတယ်” ဟု ဦးမင်းသိမ်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို  ပြန်လည် စတင်နိုင်ရန် ရွှေလီ – ကျယ်ခေါင် ကုန်သွယ်‌ရေးလမ်းကြောင်းများကိုလည်း ပြီးခဲ့သည့်လအတွင်းကပင် ကိုဗစ်စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးကာ ကုန်သွယ်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီလ (၈) ရက် နံနက်ပိုင်းတွင် ဂိတ်များပြန်လည် ဖွင့်လှစ်ပါက တရုတ် – မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မူဆယ် – ကျယ်ခေါင် ဂိတ်များမှ ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များအပြင် မော်တော်ဆိုင်ကယ်ဖြင့်ပါ ဖြတ်သန်းသွားလာခွင့်ရှိမည်ဖြစ်ပြီး မြန်မာအလုပ်သမားများနှင့် ခရီးသွားများလည်း နေ့စဉ်နယ်စပ်ဖြတ်သန်းခွင့် ကတ်ဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ခြင်းသည် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ လူနေမှုဘဝအ ကျိုးစီးပွားများ ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ လူနှင့်ကုန်ပစ္စည်းများဖြတ်သန်းသွားလာနိုင်ရန် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ကြေညာထားသည်။

ယင်းသို့ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက နှစ်နိုင်ငံ ကုန်တင်ယာဉ်များအနေဖြင့် မန့်ဝိန်းဂိတ်မှ တရုတ်စံတော် ချိန် နံနက် (၈) နာရီမှ ည(၁၁) နာရီအထိ ဝင်/ထွက်ခွင့်ပြုကြောင်း တရုတ်သံရုံးက အသိပေးထားသည်။

ထို့အပြင် အစိုးရဝန်ထမ်းများနှင့် အတူလိုက်ပါသည့် ယာဉ်များသည် နန်းတော်ဂိတ်မှ ပေကျင်းစံတော်ချိန် နံနက် (၈) နာရီမှ ည (၉) နာရီခွဲနှင့် အခြားလူပုဂ္ဂိုလ်နှင့် အိမ်စီးကား၊ ဆိုင်ကယ်၊ လျှပ်စစ်သုံးဆိုင်ကယ်များသည် ဆင်ဖြူဂိတ်မှတဆင့် နံနက် (၈) နာရီမှည (၉) နာရီခွဲအထိဝင် /ထွက်ခွင့်ပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၊ မြန်မာ-ကာဇက်စတန် ကုန်သွယ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်တွင် ကာဇက်စတန်သမ္မတနိုင်ငံ အာမတီမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဒါရ်ခန် ဆာတီဘယ်လ်ဒီ (Darkhan Satybaldy) နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အာမတီဒေသပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လွတ်လပ်၍...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071