Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeNewsLocal Newsတရုတ် - မြန်မာနယ်စပ်...

တရုတ် – မြန်မာနယ်စပ် ဂိတ်များပြန်ဖွင့်ရန်ကိစ္စ ကိုဗစ်အကြောင်းပြချက်ဖြင့် မြန်မာဖက်မှ ဆိုင်းငံ့ထား

ယနေ့ဇန်နဝါရီ (၈) ရက် နံနက်ပိုင်းတွင်း တရုတ် – မြန်မာနယ်စပ် ကျယ်ခေါင်မြို့နှင့် ထိစပ်နေသည့် နယ်စပ်ဂိတ် (၃) ခုကို ပြန်လည်ဖွင့်လှစ်မည်ဟု မူလကကြေညာထားသော်လည်း ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုအခြေအနေကြောင့် မြန်မာဖက်မှ ဆိုင်းငံ့ထားကြောင်း သိရသည်။

မူလက ဇန်နဝါရီလ (၈) ရက် ၊နံနက် (၈) နာရီမှ စတင်ကာ တပြိုင်နက်တည်း ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း တရုတ်သံရုံးမှ အသိပေးထားသော်လည်း ယနေ့ နံနက်ပိုင်းတွင် နန်းတော်ဂိတ်အား တရုတ်နိုင်ငံဖက်မှ ဖွင့်ပေးခဲ့သော်လည်း မြန်မာဖက်အခြမ်းတွင် ပိတ်ထားဆဲ ဖြစ်ကြောင်း  သိရသည်။

” မနေ့က မူဆယ်မှာ အစည်းဝေးလုပ်တယ် ။ ဒီအစည်းဝေးက ဘာလဲဆိုတော့ တစ်ဖက်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ရောဂါတွေ့ရှိနှုန်းတွေ တအားများနေတယ်။ တကယ်လို့များ ဂိတ်ဖွင့်လိုက်ရင် သေချာပေါက်မူဆယ်ဖက်အခြမ်းကို ဝင်လာမှာ ။ မူဆယ်ကနေပြီးတော့ ဗမာပြည်ထဲကို ရောက်မယ်။ ဒါ့ကြောင့် မနေ့က အစည်း အဝေးကနေပြီးတော့ ကိုဗစ်ကျန်းမာရေးကို ရှေးရှုပြီးတော့ကျန်းမာ ရေးအကြောင်းပြချက်နဲ့ ဗမာဖက်အခြမ်းကတော့ မဖွင့်သေး ပါဘူး” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးမင်းသိ မ်းက အခြေအနေကို ရှင်းပြသည်။

ယင်းကဲ့သို့ မြန်မာဖက်အခြမ်းမှ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသော်လည်း မူဆယ် – ကျယ်ခေါင် နယ်စပ် အကြီးဆုံးဝင်ထွက်ပေါက်ဖြစ်သည့် နန်းတော်ဂိတ်ကို တရုတ်နိုင်ငံဖက်အခြမ်းမှ ယနေ့ နံနက် (၈) နာရီတွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြေညာခဲ့သည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည်ဆိုသည့် သတင်းကြောင့် တရုတ်နိုင်ငံဖက်အခြမ်းသို့ ဝင်ရောက်ရန်လာရောက်စောင့်ဆိုင်းသည့် ပြည်သူရာနှင့်ချီ ရှိခဲ့ပြီး သတင်းစုံစမ်းသူများလည်း ရှိခဲ့ကြောင်း ယနေ့နံနက်ပိုင်း နန်းတော်ဂိတ် မူဆယ်ဖက်အခြမ်းသို့ ရောက်ရှိခဲ့သည့် သတင်းရင်းမြစ်တ စ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောပြသည်။

လတ်တလောတွင် အဆိုပါ ဂိတ်မဖွင့်သည့် ကိစ္စနှင့် ပတ်သက်၍ ကောလာဟလသတင်းများလည်း ထွက်ပေါ်နေပြီး နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ဈေးနှုန်းများ အဆမတန်မြင့်နေသည့်အတွက် ညှိနှိုင်းနေရသည်ဆိုသည့် သတင်းကိုကြားရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မေးမြန်းကြည့်စဉ် အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများသာ ဖြစ် ကြောင်း ဦးမင်းသိမ်းက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

” မဟုတ်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတွေ။ လဝက ကဂိတ်မဖွင့်တဲ့အတွက် စာအုပ်လည်း လုပ်မပေးသေးဘူး။ နယ်စပ်ပတ်စပို့(စ်)ခေါ်တာပေါ့။ ဒါမဖြစ်နိုင်ပါဘူး” ဟု ဦးမင်းသိမ်းက ပြောသည်။ 

လက်ရှိတွင် ယမန်နေ့ အစည်းဝေး ဆုံးဖြတ်ချက်အတိုင်း မြန်မာဖက်အခြမ်းရှိ နယ်စပ်ဂိတ်များ ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး မည်သည့်အချိန် ပြန်လည်ဖွင့်လှစ်မည်ကိုလည်း မပြောကြားသေးကြောင်း သိရသည်။

မူဆယ် – ကျယ်ခေါင် နယ်စပ်ရှိ နန်းတော်ဂိတ် ၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်များကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှစ တင်ကာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်း ကမ်းများနှင့်အညီ နှစ်ဖက်အစိုးရမှ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။ " ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071