Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsတရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

တရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

တရုတ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီသည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ် ကြောင်း သိရသည်။

၎င်း၏ ယခုခရီးစဉ်သည် ဒေသတွင်း အစည်းအဝေးတစ်ခုအတွက် လာရောက်ခြင်းဖြစ်ကြောင်း နစက၏ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက AFP သတင်းဌာနကို ဇွန် ၂၈ ရက်တွင် ပြောကြားထားသည်။

မစ္စတာဝမ်ရီ သည် လန်ချန်း – မဲခေါင် ပူးပေါင်းဆောင် ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့လာရောက်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သို့ ပြောကြားထားသည်။

မစ္စတာဝမ်ယိ၏ ယခု ခရီးစဉ်အတွင်း နစက ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိမရှိကို အတိအကျ မပြောနိုင်ကြောင်းလည်း သိရသည်။

လန်ချန်း – မဲခေါင် အစီအစဥ်သည် မဲခေါင်မြစ်ဖြတ် သန်း စီးဆင်းရာ နိုင်ငံများစုပေါင်းကာ တရုတ်နိုင်ငံကို ကျော ထောက်နောက်ခံပြုထားသည့် ဖိုရမ်ဖြစ်သည်။

ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပမည့် ယခုအစည်း အဝေးသို့ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။

Source – THE STRAITS TIMES

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071