Tuesday, April 22, 2025

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု...

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ...

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ...

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း...

စစ်ကိုင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု(၁၁၁)စုအား ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ငလျင်ကယ်ဆယ်ရေးစခန်းများတွင် ယာယီနေထိုင်သူများအနက် အိမ်ထောင်စု(၁၁၁)စုအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ယနေ့ ဧပြီ ၂၂ ရက်နံနက်ပိုင်းက IBEC ဆရာတော်တည်...
HomeNewsLocal Newsတရုတ်၏ ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့မှုများနှင့်...

တရုတ်၏ ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့မှုများနှင့် ဝယ်လိုအားကောင်းလာ၍ မြန်မာ့ဖရဲနှင့် သခွားမွှေးဈေးကွက် ပြန်လည် ဦးမော့လာကာ ဈေးကောင်းရနေ

တရုတ်မှ ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်သည့်အပြင် နှစ်ကူးကာလ ဝယ်လိုအားကောင်းလာသည့် အတွက် ဖရဲနှင့် သခွားမွှေး ဈေးကွက်ကောင်းလာကာ တောင်သူများ အကျိုးအမြတ်များလာကြောင်း မူဆယ် ၁၀၅ မိုင်ရှိ ဖရဲနှင့်သခွား ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ ဈေးကွက်ကျနေရာမှ ယခုနှစ်ဆန်းပိုင်းတွင် တဖြေးဖြေးဈေးကွက် ကောင်းမွန်လာကာ ဝယ်လိုအားလည်း မြင့်တက်နေခြင်းဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးကုန်သည်များထံက သိရသည်။

ယနေ့ ဇန်နဝါရီ (၁၇) ရက် နံနက်ပိုင်း အရောင်းဝယ် ဖြစ်သည့် ဈေးနှုန်းများအရ အရည်အသွေးမြင့် (၈၅၈) ဖရဲ (1Kg) လျှင် တရုတ်ယွမ်ငွေ ၄ ဒဿမ ယွမ်၊ ထဲန့်ဝမ် ဖရဲ (အချို) (1Kg) လျှင် ၄ ဒဿမ ၃၀ ယွမ်၊ အစေ့မဲ ဖရဲ (1K g) လျှင် ၄ ဒဿမ ၂၀ ယွမ်၊ သခွားမွှေး (1Kg) လျှင် ၅ ယွမ် စသဖြင့် ပေါက်ဈေး ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဖရဲနှင့် သခွားမွှေး ဈေးကွက် ပြန်လည်ကောင်းမွန်လာချိန်တွင် မြန်မာပြည်တွင်းရှိ တောင်သူနှင့် ကုန်သည်များအနေဖြင့် အ‌ရည်အသွေး မပြည့်မီသည့် သီးနှံများကိုပါ ထည့်သွင်း ရောင်းချမှုများ ရှိနေပြီး ယင်းလုပ်ရပ်များကြောင့် ပြန်လည် ဦးမော့စပြုနေသည့် ဖရဲသခွားမွှေး ဈေးကွက်ကို ထိခိုက်မှုများ ရှိနိုင်ကြောင်း မူဆယ် ၁၀၅ မိုင်မှ သစ်သီးကုန်သည် ကိုသူရမျိုးက ပြောသည်။

” တောင်သူတွေကလည်း အရည်အသွေးမပြည့်မီတဲ့ အသီး တွေလည်း တင်တယ်ဗျာ။ နောက်တစ်ခုက ခူးဖို့ အရက် (၂၀) လောက် လိုနေသေးတဲ့ဟာတွေပေါ့ ၊ ဒီလိုအသီးမျိုးတွေ တင်တော့ ဟိုဖက်မှာ ဈေးကွက် ပျက်တာပေါ့။ အမှန်တကယ် အရည်အသွေးပြည့်မီတဲ့ အသီးတွေဆို ၅ ကျပ်(ယွမ်) လောက်ရမယ့်ဟာက အဲဒီလို အသီးတွေက ၂ ကျပ် (၃) ကျပ်လောက်ပဲ ရတော့တယ်ဗျ” ဟု ၎င်းက ပြောသည်။

ယခင်က တရုတ်နိုင်ငံ၏ ကန့်သတ်ချက်များကြောင့် ယာဉ်ငှားရမ်းခအပါအဝင် အထွေထွေ ကုန်ကျစရိတ်များကြီးမြင့်ခဲ့သည့်အတွက် တောင်သူများ အရှုံးပေါ်ခဲ့ရပြီး လက်ရှိ ရာသီတွင် ယာဉ်းငှားရမ်းခများ သက်သာလာသည့်အ ပြင် ပြီးခဲ့သည့် ရာသီထက် ဈေးကောင်း ရသည့်အတွက် အဆင်ပြေကြောင်းလည်း ကိုသူရမျိုးက ရှင်းပြသည်။

” အများကြီး ကွာခြားတာပေါ့။ ပြီးခဲ့တဲ့နှစ်ကဆို ဖရဲကားတွေပေါ့နော် ၊ တရုတ်ကားတွေငှားရင် တစ်စီးကို မြန်မာငွေ သိန်း ၂၀၀ ပတ်ချာလည်လောက် ပေးရတယ်။ အခုကဆိုရင် ဘာမှ ပေးစရာမလိုဘူးဗျာ ။ ကားလည်း ငှားစရာမလိုဘူး ၊ ကိုယ့်ကားနဲ့ ကိုယ် ဝင်လို့ရနေတော့ အားလုံးအဆင်ပြေပါတယ်ဗျ။ မနှစ်ကထက်စာရင် အခုကအရမ်း ကောင်းပါတယ်။ တောင်သူတွေအတွက် အကျိုးအမြတ်များမယ့်နှစ်လို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဖရဲနှင့် သခွားမွှေး ဈေးကွက်၌ တရုတ်နိုင်ငံ၏ ကန့်သတ်ချက်များအရ တရုတ်ဖက်အခြမ်းသို့ ဝင်ရောက်နိုင်မှုမှာ တစ်ရက်လျှင် ကုန်တင်ယာဉ်အစီး (၂၀/၃၀) ဝန်းကျင်သာ ဝင်ရောက်နိုင်ပြီး ဈေးနှုန်းအနေဖြင့်လည်း (1Kg) လျှင် တရုတ်ငွေ (၂)ယွမ် ဝန်းကျင်သာ ရကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ပြည်အတွင်း ဝင်ရောက်နေသည့် ဟိုင်နန်ကျွန်းရှိ ဖရဲထွက်ရှိမှုကုန်ဆုံးချိန် ရောက်နေပြီဖြစ်သည့် အတွက် လာမည့် တရုတ်နှစ်ကူးပြီးချိန်တွင် မြန်မာ့ ဖရဲနှင့်သခွားဈေးကွက်တွင် တရုတ်၏ ဝယ်လိုအား ပိုမိုကောင်းမွန်လာနိုင်ပြီး ဈေးနှုန်းလည်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိတွင် မူဆယ် ၁၀၅ မိုင်မှ တရုတ်နိုင်ငံဖက်အခြမ်းသို့ နေ့စဉ် တရက်လျှင် ဖရဲနှင့် သခွားမွှေးကား အစီးရေ (၆၀) မှ (၇၀) အထိ ဝင်ရောက်နေပြီး ယမန်နှစ် နှစ်ကုန်ပိုင်း ဝင်ရောက်မှုထက် ထက်ဝက်နီးပါး ပိုမိုတိုးမြင့် ရောင်းချနေရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို

ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်‌မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက‌ ပေါ်ပြူလာနယူးစ်ကို ပြောသည်။ " မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။ လားရှိုးမြို့အုပ်ချုပ်ရေးဆိုင်ရာအတွက် တပ်မတော်နှင့်...

ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြည်ပမှဘိလပ်မြေများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများတွင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ပမှ တင်သွင်းခွင့်ပြုထားသည့် ဘိလပ်မြေများ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။ ယခုအချိန်သည် ငလျင်ဒဏ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီဖြစ်၍ နိုင်ငံတစ်ဝန်း၌ဆောက်လုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ တည်ဆောက်မှု လုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တင်သွင်းလာသော ဘိလပ်မြေရေယာဉ်များ စဉ်ဆက်မပြတ်ရောက်ရှိလျက်ရှိပြီး ယခုတန်ချိန် (၂၄၀၀) တင်ဆောင်လာသည့်ရေယာဉ်သည် ရန်ကုန်မြို့ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း သာကေတဆိပ်ခံတံတားသို့ ဧပြီ (၂၀)...

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

မြန်မာ့တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၂ ရက်မှ ၂၂ ရက်အထိသတ်မှတ်ခဲ့ရာမှ ယင်း ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးကာလကို ဧပြီ ၃၀ ရက်အထိထပ်မံတိုးမြှင့်ခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ ယနေ့ ဧပြီ ၂၂ ရက်ကထုတ်ပြန်ခဲ့သည်။ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင် ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျှင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကိုရှေးရှု၍ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထုတ်ပြန် ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071