ဇန်နဝါရီလ ၇
ဒရုန်းများကို တန်ပြန်ရန် တရုတ်နိုင်ငံ၏ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ်စနစ်သစ်သည် အမေရိကန်စစ်တပ်သုံးစနစ်ထက် ပိုဝေးသော အကွာအဝေးရှိဒရုန်းများကို ဖျ-က်ချနိုင်စွမ်းရှိကြောင်း တရုတ်မှ ထုတ်လုပ်သူ၏ ပြောကြားချက်အရ သိရသည်။
ထရပ်ကားပေါ်တွင် တပ်ဆင်ထားသော ဟာရီကိန်း ၃၀၀၀ ကို စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားလှသည့် စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည်။
ယခုသီတင်းပတ်အတွင်း ထုတ်လုပ်သူဖြစ်သော နိုင်ငံပိုင်ကာကွယ်ရေး ကန်ထရို-က်တာ နော်ရင်ကိုသည် ဤလက်နက်စနစ်၏ အသေးစိတ် အချက်အလက်အချို့ကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ “ဒီစနစ်ရဲ့ ထိရောက်တဲ့ ကြားဖြတ်ဟန့်တားမှု အကွာအဝေးက ပေါ့ပါးသေးငယ်တဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဒရုန်းအုပ်စု တွေကို ၃ ကီလိုမီတာ (၁.၈၆ မိုင်) ထက်ကျော်ပြီးဟန့်တားနိုင်ပါတယ်၊ ဒီစနစ်ဟာဆိုရင် ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အလားတူ စနစ်တွေထဲမှာ ထိပ်ဆုံးမှာ ရှိနေပါတယ်” ဟု နော်ရင်ကိုမှ ကျွမ်းကျင်သူ ယူကျန်ကျွန်းက ရှန်ဟိုင်းအခြေစိုက် ဂွမ်ချာ သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
၎င်းသည် ပ-စ်မှတ်တစ်ခုတည်းကို အနီးကပ်ကာကွယ်သည့်စနစ်မှ ပိုမိုကျယ်ပြန့်သော ဧရိယာကို ကာကွယ်သည့်စနစ်သို့ ပြောင်းလဲပေးလိုက်ခြင်းဖြစ်ပြီး ပိုမိုဝေးကွာသော အကွာအဝေးနှင့် ပေါင်းစပ်ချဉ်းကပ်မှုပုံစံများ ပါဝင်ကြောင်း တနင်္ဂနွေနေ့က ထွက်ပေါ်လာသည့် အစီရင်ခံစာအရ ယူက ပြောကြားခဲ့သည်။
Ref: ဆော့ချိုင်းနားမောနင်းပို့စ်
