Thursday, May 22, 2025

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...

ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန်...

မော်စကိုနှင့်တေရန်တို့အကြား နှစ် ၂၀ကြာရှည်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို အီရန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု...

အာရှအမျိုးသမီး ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဒိုင်ကြီးကြပ်အဖြစ် မြန်မာအမျိုးသမီး...

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကျင်းပပြုလုပ်မည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်သိန်းသိန်းအေးက ဒိုင်ကြီးကြပ်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း...
HomeNewsLocal Newsတရုတ်အားပြု အရောင်းအဝယ်လုပ်ရသည့် မန္တလေး...

တရုတ်အားပြု အရောင်းအဝယ်လုပ်ရသည့် မန္တလေး မဟာအောင်မြေကျောက်ဝိုင်းတွင် ယခုရက်ပိုင်း အရောင်းအဝယ်အေးကာ ဈေးမရဖြစ်နေ

မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ယခုရက်ပိုင်း အရောင်းအေးကာ ဈေးနှိမ်ဝယ်ယူခြင်းများ ကြုံတွေ့နေရကြောင်း ကျောက်လုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

မဟာအောင်မြေကျောက်ဝိုင်းအတွင်း အရောင်းအဝယ်ပြုလုပ်သည့် ကျောက်သမားများအနေဖြင့် ဝီချက်အကောင့်များဖြင့် အရောင်းအဝယ်ပြုလုပ်သည့် တရုတ်အဝယ်များကို အဓိက အားကိုးကာ ရောင်းချနေရပြီး ယခုသီတင်းပတ်များအတွင်း အရောင်းအဝယ်ပိုင်းအေးနေသည့်အပြင် တရုတ်ဝယ်လက်များ၏ ဈေးပေးနည်းမှုသည်လည်း အခက်အခဲ တစ်ရပ်အနေဖြင့် ရင်ဆိုင်နေရကြောင်း ကုန်သည်ပွဲစားများထံမှ သိရသည်။

“ကျောက်ဝိုင်းကတော့ အပြင်ပန်းကြည့်ရင် စည်ကားနေတာပေါ့။ ဒါပေမဲ့ အရောင်းအဝယ် အရမ်းခက်တယ်။ တရုတ်က ဈေးတွေ အရမ်းနှိမ်တော့ အလုပ်သိပ်မဖြစ်ကြဘူး” ဟု ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်လုပ်ကိုင်သည့် ပွဲစားတစ်ဦးက ပြောသည်။

လက်ရှိတွင် ဝိုင်းအခေါ် အောက်ကျောက်သမားများ အလုပ်ဖြစ်နေပြီး ရာပိုင်းနှင့် ထောင်ပိုင်း ကျောက်အရောင်း အဝယ်ပြုလုပ်သည့် ကုန်သည်ပွဲစားများအနေဖြင့် အခြေအနေပေါ်မူတည်ကာ လုပ်ကိုင်နေရကြောင်းလည်း သိရသည်။

“အခြေအနေဆိုတာကတော့ဗျာ ၊ ငွေရေးကြေးရေးရယ် နိုင်ငံရေး၊ ပြီးတော့ ငွေဈေးကွက် ၊ တရုတ် လမ်းကြောင်း ပွင့်နိုင်မပွင့် ဒါတွေကိုကြည့်ပြီး လုပ်ရတာပေါ့။ တရုတ်က အောက်ဈေးပေးလည်း ကိုယ်က ငွေမလိုသေးရင် မထုတ်ဘူး ။ ဆက်ထိန်းထားတာပေါ့ ။ အဲဒီသဘောကို ပြောတာပါ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် တရုတ်နှစ်သစ်ကူး ရာသီမတိုင်မီက ဈေးကွက်အနည်းငယ်ကောင်းခဲ့သော်လည်း တရုတ်နှစ်ကူးကာလနောက်ပိုင်းမှစကာ လက်ရှိအချိန်အထိ ကျောက်ဈေးကွက် ပြန်အေးနေခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောသည်။

မဟာအောင်မြေ ကျောက်ဝိုင်းအနေဖြင့် ကျောက်စိမ်းအရိုင်းနှင့် ကျောက်စိမ်းအချောထည်များကို အဓိကအရောင်းအဝယ်ပြုလုပ်ကြပြီး တရုတ်ဝယ်လက်များကို အားကိုးကာ အရောင်းအဝယ် ပြုလုပ်နေရခြင်းက မြန်မာကျောက်သမားများအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။

” ဘယ်အချိန်ကြည့်ကြည့် တရုတ်က အဓိက သော့ချက်လို ဖြစ်နေတာလေ။ သူတို့ပဲ အဓိက ဝယ်ကြတာကိုး။ အဲဒါက အဆိုးဝါးဆုံး စိန်ခေါ်မှုပေါ့။ သူတို့က ပေးချင်တဲ့ဈေးပေးဝယ်နေတာ ဆိုတော့လေ။ မရောင်းပဲ နေချင်နေပေါ့။ တခြားဈေးကွက် တစ်ခုခုဖောက်နိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံတာဈေးကွက်ကို ထိုးဖောက်နိုင်ရင် အဆင်ပြေမယ်ထင်တာပေါ့။  လောလောဆယ်တော့ ဒါကလည်း မဖြစ်နိုင်သေးဘူး ။ ကိုယ်​တွေဆီမှာက ဈေးကွက်ထိုးဖောက် လုပ်နိုင်မယ့်သူက မရှိသလောက်ကိုဖြစ်နေတာ။ အစိုးရက ဒါမျိုးတွေ စီစဉ်ပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် တရုတ် – မြန်မာနယ်စပ်လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ပြီး အဆိုပါ နယ်စပ်လမ်းကြောင်းများမှတဆင့် တရုတ်ပြည်အတွင်းသို့ တရားဝင်တင်ပို့နိုင်မည်ဆိုပါက ကျောက်ဈေးကွက် ယခုထက်ပိုမို ဦးမော့လာနိုင်ပြီး ဈေးနှိမ်ခံရခြင်းမှလည်း သက်သာလာနိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်း ရှိသည်။

လက်ရှိတွင် မန္တလေး မဟာအောင်မြေဒေသအပါအဝင် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းမှော်ဒေသများအထိ တရုတ်နိုင်ငံသားများ လာရောက်ဝယ်ယူမှုများရှိနေပြီး တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့ဆောင်ကာ ရောင်းချမှုများလည်း ရှိနေကြောင်း ကျောက်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အစိုးရက စီစဉ်သည့် ကျောက်မျက်ရတနာပြပွဲများတွင်လည်း ယခင်ကိုဗစ်ကာလမတိုင်မီ နှစ်များလောက် အရောင်းအဝယ်မဖြစ်ဘဲ ဝင်ရောက်ပြသသူများပင် နည်းလာကြောင်း လေလံပြပွဲများနှင့် နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် ဈေးကွက် အေးနေသော်လည်း လာမည့် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအပြီးတွင် ကျောက်ဈေးကွက်ပြန်ကောင်းလာနိုင်ခြေရှိပြီး အရောင်းအဝယ်ပြန်သွက်လာနိုင်ကောင်း ခန့်မှန်းသုံးသပ်မှုများလည်း ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ မြန်မာလုပ်ငန်းရှင်များပါဝင်ပြသမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုန်စည်ပြပွဲတွင် စာရင်းပေးသွင်းထားသည့် ကုမ္ပဏီများအား ကုန်စည် ပြပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြသမည့် လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက်ရတနာများ၊...

ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို အီရန် ပါလီမန် အတည်ပြု

မော်စကိုနှင့်တေရန်တို့အကြား နှစ် ၂၀ကြာရှည်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆောင်ရွက်မှုကို အီရန်ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ သဘောတူညီချက်အရ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနီးကပ်စွာ ဆောင်ရွက်ရန်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းလာမှုကို စာချုပ်ကပြသလိုက်သည်။          ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။        ရုရှား လွှတ်တော်က အဆိုပါသဘောတူညီချက်ကို ဧပြီလတွင် အတည်ပြုထားခဲ့သည်။ သဘောတူညီချက်တွင် အပြန်အလှန်ကာကွယ်ရေးစာပိုဒ် မပါဝင်သော်လည်း နှစ်နိုင်ငံသည် ဘုံစစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071