Friday, January 17, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ်...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...
HomeNewsFootballတရုတ်အသင်းအား ၅ ဂိုးပြတ်...

တရုတ်အသင်းအား ၅ ဂိုးပြတ် ရှုံးနိမ့်ပြီး မြန်မာအသင်း အရေးနိမ့် ခြေစစ်ပွဲ မအောင်မြင်

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ၏နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယနေ့ ဇွန် ၁၀ရက်၊ မြန်မာစံတော်ချိန် ည ၆ နာရီ ၃၀ မိနစ််က မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနှင့် တရုတ် ယူ-၂၀ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တရုတ် ယူ-၂၀ အမျိုးသမီးအသင်းက (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဦးခင်၊ နောက်တန်း- ဖြူဖြူဝင်း၊ ခင်ဌေးကြိုင်၊ ဖြူဖွေး၊ဝေဖူးအိမ်၊ အလယ်တန်း -မေသက်မွန်မြင့်၊ နှင်းပွင့်အေး၊ စန္ဒာလင်း၊ ယွန်းဝတီလှိုင်၊ ရှေ့တန်း- ယဉ်လွန်းအိမ်နှင့် ဇင်မိုးပြည့်တို့ ပါဝင်ကစားခဲ့ကြသည်။

ရာနူန်းပြည့် နိုင်ပွဲရထားသော တရုတ်အသင်းသည် အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ခဲ့ပြီး ပွဲချိန် ၈မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် Lu Jiayu က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးရယူခဲ့သည်။

ပွဲချိန် ၃၆ မိနစ်တွင်လည်း ထောင့်ကန်ဘောမှ တစ်ဆင့်ရရှိသည့် ဘောလုံးကို Jiang Chenjingက အနီးကပ် ပိတ်သွင်းခဲ့သဖြင့် ဒုတိယအနိုင်ဂိုး ရရှိခဲ့သည်။

ယင်းနောက် တရုတ်အသင်းက ဆက်လက်ဖိအားပေးခဲ့ပြီး ပွဲချိန် ၄၁ မိနစ်တွင် Huo Yuexin က ဖရီးကစ်မှ တိုက်ရိုက်ကန်သွင်းပြီး တတိယအနိုင်ဂိုးသွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်းအနေဖြင့် ဂိုးရရှိရေးကြိုးစားခဲ့သော်လည်း တရုတ်အသင်း၏ သွင်းဂိုးများကို ဆက်လက်ခွင့်ပြုခဲ့ရပြီး စတုတ္ထဂိုးနှင့် ပဥ္စမဂိုးကို ပွဲချိန် ၆၉ နှင့် ၇၄ မိနစ်တွင် Zhao xinyue က သွင်းယူခဲ့သည်။

“ဒဏ်ရာတွေရှိနေတဲ့ကြားက အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့ဟာ ဒဏ်ရာတွေကောင်းလာရင် ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်လာမှာပါ။ ပွဲရလဒ်က ကျွန်မနဲ့ပဲ သက်ဆိုင်ပါတယ်။ ရူံးပွဲအတွက် ကျွန်မတစ်ယောက်တည်း တာဝန်ယူသွားမှာပါ” ဟု ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ ယူ – ၂၀ အမျိုးသမီးအသင်း နည်းပြချုပ် ဒေါ်စန်းစန်းသိန်းက ပြောသည်။

တရုတ် ယူ – ၂၀ အမျိုးသမီးအသင်း နည်းပြချုပ် Wang Junက ” မျှော်လင့်ထားတဲ့အတိုင်း ရာနူန်းပြည့် နိုင်ပွဲရလို့ ကျေနပ်မိပါတယ်။ ဒီအသင်းက ကစားသမားအချို့ဟာ တစ်ချိန်မှာ လက်ရွေးစင်အသင်းကြီးအတွက် အားထားရတဲ့သူတွေဖြစ်လာမှာပါ။ မြန်မာအသင်းနဲ့ ပွဲစဉ်ကို သေချာပြင်ဆင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲ လာရောက်ကစားရာမှာ ဧည့်ဝတ်ကျေပွန်တဲ့ မြန်မာပြည်သူတွေနဲ့ MFF ကိုကျေးဇူး တင်ပါတယ်” ဟု ပြောသည်။

အစောပိုင်းယှဉ်ပြိုင်ကစားခဲ့သော တရုတ်(တိုင်ပေ)နှင့် နီပေါအသင်းတို့ပွဲစဉ်တွင် တရုတ်(တိုင်ပေ) အသင်းက (၅-၀) ဂိုးဖြင့်အနိုင်ရခဲ့သည်။

ထို့ကြောင့် အုပ်စု (B) တွင် တရုတ်အသင်းက ရမှတ် ၉ မှတ်ဖြင့် အုပ်စု ပထမ၊ တရုတ်(တိုင်ပေ) နှင့် မြန်မာတို့ရမှတ် ၄ မှတ်တူညီသော်လည်း ဂိုးကွာခြားချက်အသာဖြင့် တရုတ်(တိုင်ပေ)က အုပ်စုဒုတိယဖြင့် ခြေစစ်ပွဲအောင်သွားခဲ့သည်။

ဒုတိယအဆင့် ခြေစစ်ပွဲအောင်မြင်ခဲ့သော အုပ်စု (A)မှ သြစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု(B)မှ တရုတ်၊တရုတ်(တိုင်ပေ) တို့မှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ (၄၅၅) ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေ ယာဉ် (စကု)တို့ ဇန်နဝါရီ (၁၄)ရက်က ရန်ကုန်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်တို့တွင် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့် အထူးကုဆေးအဖွဲ့တို့ လိုက်ပါလာပြီး...

မြိတ်တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းပြုလုပ်

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ " ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန်ဆွေးနွေး

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ ထွေထွေအတွင်းရေးမှူးချုပ်တို့သည် ဇန်နဝါရီ ၉ ရက်ညနေပိုင်းက တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN - China Centre - ACC)၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် တရုတ်-မြန်မာနှစ်နိုင်ငံကြား အကျိုး စီးပွားရရှိစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေး၊ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍ၊ အပြန်အလှန်ဖလှယ်ရေးကဏ္ဍများတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071