Tuesday, February 18, 2025

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဈေးသစ်မကြာမီဖွင့်လှစ်ရန် အချောသတ်လုပ်ငန်းများ ဆောင်ရွက်နေ

သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများနှင့် ပတ်ဝန်းကျင်၌ နေထိုင်သူများအတွက် အဆင်ပြေစေရန် ဈေးသစ်ကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ဈေးသစ်ကြီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏...
HomeInternationalတရုတ်သံရုံး ဗုံးကြဲတိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့မှာ...

တရုတ်သံရုံး ဗုံးကြဲတိုက်ခိုက်ခံရမှု နှစ်ပတ်လည်နေ့မှာ ဆာဘီးယားသို့ ရှီ ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ MIG-29 ဂျက်တိုက်လေယာဉ်တွေ ဝန်းရံထားတဲ့ တင်းကြပ်သော လုံခြုံရေးခရီးစဉ်ဖြင့် အင်္ဂါနေ့မှာ ဆာဘီးယားနိုင်ငံကို ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။ တရုတ် သတင်းသမား သုံးဦး ‌ေ-သဆုံ-းခဲ့တဲ့ တရုတ်သံရုံးကို နေတိုးက ဗုံးကြဲတိုက်ခိုက်ခဲ့မှု ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာ ရှီရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ငါးနှစ်အတွင်း ရှီရဲ့ ပထမဆုံး ဥရောပခရီးမှာ ပြင်သစ်နိုင်ငံနဲ့ အစပြုခဲ့ပြီးနောက် ဒုတိယခရီးအဖြစ် ဘဲလ်ဂရိတ်ကို ရောက်ရှိလာတာဖြစ်ပြီး ယင်းနောက်မှာ ဟန်ဂေရီနိုင်ငံကို ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ဆာဘီးယားဟာ ဘော်လ်ကန်ဒေသမှာ တရုတ်ရဲ့ အရေးအပါဆုံး မိတ်ဖက်နိုင်ငံအဖြစ် ရှုမြင်ကြပြီး ရှီအနေနဲ့ တရုတ်ရဲ့ ဘီလီယံများစွာသော ရင်းနှီးမြုပ်နှံမှုတွေနဲ့ သဘောတူညီချက်အသစ်တွေအတွက် ဆွေးနွေးသွားဖို့ မျှော်လင့်ရပါတယ်။

ဆာဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ်နဲ့ အစိုးရတာဝန်ရှိသူတွေက ရှီကို ဘဲလ်ဂရိတ်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲ့၊ ရိုးရာအကတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် မေ ၇ ရက်က နေတိုးရဲ့ တိုက်ခိုက်မှုအတွင်း တရုတ်နိုင်ငံသား ၂၀ ခန့်လည်း ဒဏ်ရာရခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် တရုတ်ကို ဒေါသအမျက်ထွက်စေခဲ့သလို ယင်းအချိန်က အမေရိကန်သမ္မတ ဘီလ်ကလင်တန်က တောင်းပန်ခဲ့ရပါတယ်။ ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယားလူမျိုးတွေကို နှိမ်နင်းမှုလုပ်နေတဲ့ ဆာဘီးယားအာဏာရှင် ဆလိုဗိုဒန် မီလိုဆီဗစ်ရဲ့ လုပ်ရပ်ကို အဆုံးသ-တ်စေဖို့အတွက် တစ်ချိန်က ယူဂိုဆလားဗီးယားကို ဗုံးကြဲတို-က်ခို-က်မှုလုပ်ခဲ့စဉ် တရုတ်သံရုံးကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

“တရုတ်ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို တန်ဖိုးထားပေမယ့် သမိုင်းဝင် ဖြစ်ရပ်ဆိုးကြီး ပြန်ဖြစ်လာမှာမျိုးကို လုံး၀ ခွင့်မပြုပါဘူး” လို့ အင်္ဂါနေ့က Politika သတင်းစာ သဘောထားအမြင်ဆောင်းပါးမှာ ရှီက ပြောဆိုခဲ့ပါတယ်။

ဘဲလ်ဂရိတ်မြို့ လမ်းတွေပေါ်မှာ တရုတ်နိုင်ငံအလံတွေနဲ့ စာတမ်းတွေ ချိတ်ဆွဲထားပြီး ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက ရှီနဲ့ သူ့ရဲ့ အဖွဲ့ဝင် ၄၀၀ အတွက် လုံခြုံရေးပေးခဲ့ကာ ဒါဟာ နှစ်ပေါင်းများစွာအတွင်း နိုင်ငံခြားခေါင်းဆောင်တစ်ဦးရဲ့ အမြင့်ဆုံးအဆင့် ခရီးစဉ်ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က သူ့ရဲ့ ပထမဆုံး ဘဲလ်ဂရိတ်ခရီးစဉ်အတွင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက်ဆက်ဆံရေးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဗူစစ်ဟာ ပေကျင်းကို သွားရောက်ခဲ့ရာမှာ ဇူလိုင်လမှာ စတင်လည်ပတ်မယ့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် အပါအဝင် သဘောတူညီချက် ၁၈ ခုကို ရှီနဲ့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

Ref: DH

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅) ရက်ကြာကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၃) ရက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်အား ဖေဖော်ဝါရီလ(၂၇) ရက်မှ မတ်လ (၁၃) ရက်အထိ (တပေါင်းလဆန်း (၁) ရက်မှ လပြည့်နေ့အထိ) (၁၅)ရက်ကြာ စည်ကားသိုက်မြိုက်စွာ...

မုံရွာမြို့တွင် စာအုပ်အငှားဆိုင်များ တိမ်ကောလာနေ

လိုချင်သည့် စာအုပ်ကို ဆိုရှယ်မီဒီယာပေါ်တွင် အချိန်မရွေးဖတ်နေရသည့်အတွက် စာအုပ်အငှားဆိုင်များ တစ်ဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်ကြောင်း မုံရွာမြို့တွင် စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူများထံက သိရသည်။ "မုံရွာမြို့ အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ စာအုပ်အငှားဆိုင်တွေ ကွယ်ပျောက်ရတာဟာ နိုင်ငံရေးဖြစ်စဉ်၊ ငွေကြေးအခက်အခဲတွေအပြင် ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ နည်းပညာအားကောင်းလာတဲ့အတွက် စာအုပ်အငှားဆိုင်တွေပျောက်ကွယ်ကုန်ရတာပါ။ မုံရွာမြို့မှာ အရင်ကလူကြီးရောကလေ-းပါ အားထားငှားဖတ်ကြရတဲ့ စာအုပ်အငှားဆိုင်ပေါင်း (၇၀) ကျော်ရှိရာကအခုအချိန်မှာ စာအုပ်အငှားဆိုင်ဟာ လက်တစ်ဖက်တောင် မပြည့်တော့ပါဘူး"ဟု စာအုပ်အငှားဆိုင်ဖွင့်ခဲ့သူတစ်ဦးက ပြောသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်က မုံရွာမြို့နှင့် အခြားမြို့များတွင်စာအုပ်အငှားဆိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး စာဖတ်သူအများစုသည် အငှားစနစ်ကိုသာ အားထားငှားခဲ့ကြခြင်းဖြစ်သည်။ မုံရွာမြို့၏ ရပ်ကွက်တိုင်း၊ လမ်းတိုင်းတွင်စာအုပ်အငှားဆိုင်များရှိခဲ့ပြီး...

ထိုင်းမှာ တုပ်ကွေးကူးစက်မှု ပျံနှံ့နေ

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ဖြစ်ပွားမှု ပျံ့နှံ့နေပြီး တောင်ပိုင်းဒေသ ပြည်နယ်လေးခုသည် ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးဖြစ်နေသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။ ယခုလအတွင်း ရောဂါကူးစက်ဖြစ်ပွားမှု သိသိသာသာများပြားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဆွန်ဆက် သက်ဆူတင်က ပြောကြားသည်။ ကျန်းမာရေးတာဝန်ရှိသူများသည် ထိခိုက်လွယ်သောအုပ်စုများ အထူးသဖြင့် ကလေ-းသူငယ်များနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးများကို အရှိန်မြှင့်ထိုးနှံပေးလျက်ရှိသည်။ ယခုနှစ်တွင် ဇန်နဝါရီ ၂၅ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၇,၈၁၉ ဦး ရှိခဲ့သည်။ သို့ရာတွင် စနေနေ့ ဖေဖော်ဝါရီ ၁၅ ရက်အရောက်၌ ယခုနှစ်၏ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်းသည် ၉၉,၀၅၇ ဦးအထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071