ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးများကို တရုတ်သို့ G to G စနစ်ဖြင့်တင်ပို့နိုင်ရေးဆောင်ရွက်နေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
ပြည်ပဈေးကွက်ပိုမိုဖွံ့ဖြိုးလာစေရန်ရည်ရွယ်ထားကြောင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီးရာသီတွင် တရားဝင်တင်ပို့နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ (GACC)၏သတ်မှတ် ချက်များနှင့်အညီဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ထောပတ်သီးရာသီတွင် မြန်မာ့ထောပတ်သီး ပြည်ပတင်ပို့မှု တန်ချိန်(၃၀၀၀)၀န်း ကျင်ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့အဓိကတင်ပို့ခဲ့ကြောင်းသိရသည်။
လာမည့်ထောပတ်သီးရာသီတွင် တန်ချိန်(၅၀၀၀)အထိတိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
