Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeInternationalတရုတ်သို့သွယ်မည့်ပိုက်လိုင်းသည် Nord Stream...

တရုတ်သို့သွယ်မည့်ပိုက်လိုင်းသည် Nord Stream 2 ကို အစားထိုးနိုင်လိမ့်မည်ဟုရုရှားဆို

တရုတ်သို့သွယ်မည့်ပိုက်လိုင်းသည် Nord Stream 2 ကို အစားထိုးနိုင်လိမ့်မည်ဟုရုရှားဆို

ဆမာကမ်ထ်၊စက်တင်ဘာ ၁၆

တရုတ်နိုင်ငံသို့သွယ်တန်းဖောက်လုပ်မည့် ရုရှား၏ပိုက်လိုင်းသည် ယခင်ကဥရောပသို့တင်သွင်းနေရာမှ ယူကရိန်းပဋိပက္ခကြောင့် တင်သွင်းမှုရပ်ဆိုင်းထားသည့် Nord Stream 2 ပိုက်လိုင်းနေရာတွင် အစားဝင်လိမ့်မည်ဖြစ်ကြောင်း မော်စကို၏စွမ်းအင်ဝန်ကြီး Alexander Novak က စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့ကပြောကြားခဲ့သည်။

ရုရှားရုပ်မြင်သံကြားလိုင်း Rossiya – 1 နှင့် အင်တာဗျူးတွင် ရုရှားအနေဖြင့် European Nord Stream 2 ကို Asian Force Siberia 2 ဖြင့် အစားထိုးမည်လားဟုမေးမြန်းရာ၌ မစ္စတာ Novak က “ဟုတ်ပါတယ်” ဟုပြန်လည်ဖြေကြားခဲ့သည်။

ဥဇဘက်ကစ္စတန်ခရီးစဉ်ပြင်ပ အစောပိုင်းအချိန်ကလည်း ရုရှားနှင့်တရုတ်တို့သည် နောက်ထပ်ဆောက်လုပ်မည့် ဆိုက်ဘေးရီးယားရှိ Force 2 ပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် “ဓာတ်ငွေ့ကုဗမီတာ ၅၀ ဘီလီယံ” ပေးပို့ခြင်းဆိုင်ရာ သဘောတူညီချက်များကို မကြာမီလက်မှတ်ရေးထိုးမည်ဟု ဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါပမာဏသည် စက်တင်ဘာ ၂ ကတည်းကပိတ်ထားသည့် Nord Stream 1 ၏ စုစုပေါင်းအမြင့်ဆုံးစွမ်းရည်ဖြစ်သော ၅၅ ဘီလီယံကုဗမီတာ ကိုကိုယ်စားပြုနိုင်သည် ဟုဖော်ပြထားသည်။ဥရောပသမဂ္ဂထံ ရုရှားဓာတ်ငွေ့ထောက်ပံ့မှု၏ သုံးပုံတစ်ပုံသည်ရုရှားမှဂျာမဏီသို့သွယ်တန်းထားသော မဟာဗျူဟာမြောက်ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းခြင်းဖြစ်သည်။

Force Siberia 2 သည် မွန်ဂိုလီးယားမှတစ်ဆင့် တရုတ်နိုင်ငံ၏ စွမ်းအင်နှင့်မကင်း‌ေသာစီးပွားရေးကို တွန်းအားပေးအားမည်ဟုဆိုသည်။အဆိုပါ Force Siberia 2 ပိုက်လိုင်းဆောက်လုပ်မှုကို ၂၀၂၄ ခုနှစ်တွင်စတင်မည်ဟုဆိုသည်။

ထို့ကြောင့်၎င်းသည် ဖေဖော်ဝါရီလနှောင်းပိုင်းက ယူကရိန်းသို့ရုရှား၏ကျူးကျော်မှုကြောင့် အနောက်အုပ်စုမှဝယ်ယူမှုရပ်တန့်လိုက်ပြီး ဂျာမဏီသို့ကာလရှည်ကြာအဓိကတင်ပို့သည့် Nord Stream 2 ပရောဂျက်ကိုအစားထိုးနိုင်မည်ဖြစ်သည်။

“အီးယူသို့ရုရှားဓာတ်ငွေ့တင်ပို့မှုသည် ၂၀၂၂ ခုနှစ်တွင် ကုဗမီတာ ၅၀ ဘီလီယံခန့်ကျဆင်းသွားနိုင်သည်” ဟု မစ္စတာ Novak ကပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ Chaiandina မှ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းသို့ဆက်သွယ်ပေးထားသည့် Force of Siberia 1 ဓာတ်ငွေ့ပိုက်လိုင်း၏ အော်ပရေတာဖြစ်သည့် Gazprom သည် နှစ်စဉ်ဓာတ်ငွေ့ကုဗမီတာ ၂၀ ဘီလီယံသို့ရောက်ရှိနိုင်ရန် ၎င်း၏ပေးပို့မှုများကိုတိုးမြှင့်လိမ့်မည်ဟုလည်း ရုရှားဝန်ကြီးကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အစောပိုင်းတွင် Lake Baikal အနီးရှိ Kovytka လုပ်ကွက်အား ယခုလုပ်ဆောင်မည့်ပိုက်လိုင်းနှင့်ချိတ်ဆက်ခြင်းကလည်း တိုးမြှင့်မှုအောင်မြင်ရန်အထောက်အကူဖြစ်စေမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်တွင်၎င်း၏အမြင့်ဆုံးစွမ်းဆောင်ရည်သို့ရောက်ရှိသောအခါ ပိုက်လိုင်းသည်တစ်နှစ်လျှင်ဓာတ်ငွေ့ကုဗမီတာ ၆၁ ဘီလီယံထုတ်လုပ်နိုင်မည်ဖြစ်ပြီး Nord Stream 1 ထက်ပိုများမည်ဖြစ်သည်။၎င်းပမာဏအနက် Gazprom နှင့်တရုတ်နိုင်ငံပိုင် CNPC တို့ချုပ်ဆိုထားသော ၂၀၁၄ ခုနှစ်စာချုပ်အရ တရုတ်နိုင်ငံသို့ ကုဗမီတာ ၃၈ ဘီလီယံပေးပို့သွားမည်ဟုဆိုသည်။

ရုရှားနိုင်ငံအရှေ့ဘက်စွန်းရှိ ဗလာဒီဗိုစတော့ခ် မှတရုတ်နိုင်ငံမြောက်ပိုင်းသို့ ဓာတ်ငွေ့ကုဗမီတာ ၁၀ ဘီလီယံကိုပိုမိုသယ်ဆောင်နိုင်မည့် လမ်းကြောင်းသစ်တည်ဆောက်ရန် နှစ်ဖက်သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက ကြာသပတေးနေ့ကပြောကြားခဲ့သည်။

Source –AFP/fh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071