Wednesday, April 23, 2025

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ်...

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း–ပေတုံတန်

ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အစီအစဉ်...
HomeNewsLocal Newsတရုတ်သမ္မတရှီကျင့်ဖျင် မလေးရှားသို့သွားမည်

တရုတ်သမ္မတရှီကျင့်ဖျင် မလေးရှားသို့သွားမည်

ကွာလာလမ်ပူ၊ဧပြီ ၁၄

အမေရိကန်သမ္မတ‌‌ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် နိုင်ငံအများအပြားအကျပ်ရိုက်နေချိန်၌ သမ္မတရှီကျင့်ဖျင်သည် အာဆီယံဒေသတွင်းနိုင်ငံများသို့ခရီးထွက်လျက်ရှိရာ မလေးရှားနိုင်ငံသို့လည်း ဝင်ရောက်မည်ဟုသိရသည်။

သမ္မတရှီ၏သုံးရက်ကြာခရီးစဉ်သည် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုဒဏ်ကိုခံရမည့် မလေးရှားနိုင်ငံရှိလုပ်ငန်းများအတွက် တရုတ်နိုင်ငံသို့ဝင်ရာက်နိုင်ရန်အခွင့်အလမ်းတစ်ရပ်ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများကသုံးသပ်ကြသည်။

ထရမ့်ပ်၏အခွန်စည်းကြပ်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် ကမောက်ကမဖြစ်နေချိန်၌ အာဆီယံဒေသတွင်းနိုင်ငံများရှိ တင်ပို့သူများနှင့်လုပ်ငန်းများအနေဖြင့်လည်း ယခုအခြေအနေအတွက် မျှမျှတတကြားနေနိုင်မှုရှိမရှိနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာလည်းဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးခရီးဖြစ်သည့်မလေးရှားခရီးစဉ်အတွင်း သမ္မတရှီသည် မလေးရှား၌ သုံးရက်ကြာနေထိုင်မည်ဖြစ်ပြီးမလေးရှားဘုရင်နှင့်ဝန်ကြီးချုပ်တို့နှင့်တွေ့ဆုံကာ သဘောတူညီချက်များစွာကိုလက်မှတ်ထိုးနိုင်ခြေရှိသည်ဟုလည်းဆိုသည်။

တရုတ်သည် မလေးရှား၏ ၁၆ နှစ်ဆက်တိုက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ယမန်နှစ်က ရင်းဂစ် ၄၈၄ ဒသမ ၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁၀ ဘီလျံ) အထိရှိခဲ့သည်ဟုသိရသည်။

သို့သော် အမေရိက၏ ကြီးမားလှသည့်စားသုံးသူဈေးကွက်က မလေးရှားကုန်ပစ္စည်းအများစုကို ဝယ်ယူနေဆဲဖြစ်ကာ ယမန်နှစ်ကအထိ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံအထိရှိခဲ့ပြီး အများစုမှာ တန်ဖိုးကြီးချစ်ပ်များထုတ်လုပ်ခြင်းအတွက် အဓိကသော့ချက်ဖြစ်သည့် တပိုင်းလျှပ်ကူးပစ္စည်း များဝယ်ယူခြင်းဖြစ်သည်ဟုဆိုသည်။

မလေးရှားနိုင်ငံမှ ကုန်ပစ္စည်းအများစုအပေါ် အခွန်စည်းကြပ်မှုကို ၂၄ ရာခိုင်နှုန်းအထိမြှင့်လိုက်ခြင်းသည် အဆိုပါ အရေးကြီးသောပို့ကုန်များကို ခြိမ်းခြောက်လျက်ရှိသည်ဟုလည်းဆိုခဲ့သည်။

လက်ရှိတွင် ထရမ့်ပ်သည် အခွန်စည်းကြပ်မှုများကို ရက်ပေါင်း ၉၀ ကြာဆိုင်းငံ့ထားသော်လည်း ရှီ၏ ခရီးစဉ်သည် မလေးရှားကုမ္ပဏီများကို တရုတ်နိုင်ငံသို့ ပိုမိုကောင်းမွန်စွာဝင်ရောက်ခွင့်အခွင့်အရေးပေးနိုင်သည်ဟု ကျွမ်းကျင်သူများကပြောကြားလျှက်ရှိကြသည်။

Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိက,ကအာဆီယံနိုင်ငံများမှဆိုလာသွင်းကုန်များကို35ဆခွဲထိအခွန်တိုးကောက်

ထရမ့်ပ်အစိုးရအဖွဲ့သည် ၎င်း၏ နောက်ဆုံးအကောက်ခွန် စည်းကြပ်မှုတွင် အရှေ့တောင်အာရှနိုင်ငံများမှ ဆိုလာသွင်းကုန်များအပေါ် အခွန်သစ်များ ချမှတ်ခဲ့ရာ၌ အမြင့်ဆုံးသည် ၃၅၂၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ တရုတ်နိုင်ငံထံမှ ထောက်ပံ့မှုများကို မမျှတစွာ အကျိုးခံစားခွင့်ရရှိနေသော ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ဆိုလာထုတ်လုပ်သော ကုမ္ပဏီများသည် အမေရိကဈေးကွက်သို့ အလွန် ဈေးသက်သာသော ထုတ်ကုန်များကို အလုံးအရင်း ဖြင့် ရောင်းချနေခဲ့သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့က အခွန်သစ်များကို ကြေညာလိုက်ခြင်းဖြစ်သည်။ စည်းကြပ်ခွန်အသစ်များသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်နှင့် ဈေးကွက်များကို ကပြောင်းကပြန်ဖြစ်စေခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေချပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ MNDAA အဖွဲ့များ ဆုတ်ခွာပြီးနောက် မြို့အတွင်းသို့ တပ်မတော်မှ ဝင်ရောက်နေရာယူလျက်ရှိကြောင်းနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်လာနိုင်ကြောင်း လူမှုကွန်ရက် သတင်းရင်းမြစ်များက ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယခုလ ဧပြီလ ၁၉ ရက်နေ့တွင် တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း လားရှိုးမြို့တွင်း ရောက်ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် တပ်မတော်နှင့် MNDAA ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တပ်မတော်နှင့် MNDAA နှစ်ဖက်လုံးမှ တရားဝင်သတင်းထုတ်ပြန်မှုများ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ သဘောတူညီမှုများအရ MNDAA တပ်ဖွဲ့များသည် ဧပြီ ၂၁...

ကွမ်တမ် အေအိုင်က အလွန်လျင်မြန်စွာ‌တွေးနိုင်မည်

ဧပြီ ၂၂ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ သည် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ပါ။ ၎င်းသည် စက်အသိဉာဏ် ၏ ကုဒ်ကို ဖေါ်နိုင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုများအတွက် မျိုးဆက်သစ် အနာဂတ်တစ်ခု ဖြစ်သည်။ ကွမ်တမ်မက္ကင်းနစ်ပညာရပ်ကို ဥာဏ်ရည်တုနည်းပညာနှင့် ပေါင်းစပ်ခြင်းဖြင့် သုတေသီများသည် လူတို့နှင့် ဉာဏ်ရည်အလားတူသော အထွေထွေ ဉာဏ်ရည်တု နည်းပညာ (AGI) ကိုဖွင့်လှစ်နိုင်သည့် စနစ်များကို တည်ဆောက်လျက်ရှိသည်။ ဒေတာများကိုဖြတ်ကျော်သည့် ရိုးရာဉာဏ်ရည်တု AI မိုဒယ်များနှင့်မတူဘဲ၊ ကွမ်တမ် ဉာဏ်ရည်တုနည်းပညာ AI သည် အလွန်မြန်‌ေသာ နှုန်းဖြင့် ကြီးမားသောဒေတာအတွဲများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071