တရုတ်ပြည်သူသမ္မတနိုင်ငံ သမ္မတ H.E Mr .Xi Jinping နှင့် မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံအတွက် အနှစ်ချုပ် အကျိုးမြတ် ၃ ခုရရှိခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။
“တရုတ်သမ္မတကြီးနဲ့ ဆွေးနွေးနိုင်ခဲ့တယ် ဆွေးနွေးပွဲအနှစ်ချုပ်ပြောရရင် မြန်မာနိုင်ငံအတွက် နံပတ် တစ် နိုင်ငံရေးအရ အသိမှတ်ပြုမှု ၊ နိုင်ငံတကာရေးအရ အသိမှတ်ပြုမှု သုံးအချက်က မြန်မာမှာ ကျင်းပမယ် အထွေထွေ ရွေးကောက်ပွဲ ကို တရုတ်နိုင်ငံက အသိမှတ်ပြုမှု ကူညီနိုင်မှုတွေကို အတည်ပြုပေးလိုက်တာရှိတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောသည်။
ထိုအပြင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီမယ် အာမခံချက်များ ရရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်စေသည့် ခရီးစဉ္တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း လက်ရှိ မြန်မာနိုင်ငံသည် ဂုဏ်သိက္ခာမြင့်မားလာနိုင်ပြီး ဂရုစိုက်နိုင်သည့် အခြေအနေရှိနေပြီးဖြစ်ခြင်းကြောင်း နိုင်ငံသူနိုင်ငံသားများအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်စည်းလုံးညီညွတ်ရေးကိုလိုလားဖို့ အကောင်ထည်ဖော်တဲ့နေရာမှ ပြည်ထောင်စုစိတ်ဓါတ်နဲ့ ဆောင်ရွက်ရန် လည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က တိုက်တွန်းပြောကြားခဲ့သည်။
လက်ရှိ တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ စက်တင်ဘာ (၂)ရက်နေ့တွင် တီယန်ကျင်းမြို့ကနေ ပေကျင်းမြို့ကို ရထားဖြင့်သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ ဒုတိယသမ္မတ နှင့် တွေ့ဆုံပြီး ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ သို့ရောက်ရှိနေပြီးဖြစ်သည်။
