တရုတ်ဝန်ကြီးချုပ်လီခါ့ချန်က စွမ်းအင်သစ်မော်တော်ကားကဏ္ဍကိုချီးကျူးဂုဏ်ပြု
ရှန်ဟိုင်း၊ ဩဂုတ် ၂၇
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခါ့ချန်သည် နိုင်ငံ၏ပြည်တွင်းစွမ်းအင်သစ်မော်တော်ယာဉ် (NEV) လုပ်ငန်းအား ဩဂုတ်လ ၂၇ ရက် စနေနေ့ကချီးကျူးဂုဏ်ပြုခဲ့ပြီး ယခုကဏ္ဍသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိုပါ ပိုမိုနက်ရှိုင်းစေသည်ဟု ပေကျင်းမြို့ရှိကမ္ဘာ့စွမ်းအင်သစ်ယာဉ်ကွန်ဂရက်သို့တက်ရောက်လာသူများအား ပြောကြားခဲ့သည်။
ထပ်မံ၍မစ္စတာလီက နိုင်ငံ၏ NEV များအတွက် ပံ့ပိုးမှုသည် နိုင်ငံတကာနည်းဥပေဒများနှင့်အညီဖြစ်ပြီး ရာသီဉတုပြောင်းလဲမှုကိုဖြေရှင်းရန်အတွက် တရုတ်နိုင်ငံသည်ကျယ်ပြန့်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းလည်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏မော်တော်ကားကဏ္ဍသည် အစိုးရ၏ကိုဗစ်တိုက်ဖျက်ရန်ကြိုးပမ်းမှုကြောင့် အပြင်းအထန်ထိခိုက်ခဲ့ရသည်။ရှန်ဟိုင်း၏ စီးပွားရေးအချက်အချာကျသောနေရာများအပါအဝင် မြို့၏ဧရိယာအများအပြားကို ပိတ်ဆို့လော့ခ်ဒေါင်းချလိုက်ရခြင်းကြောင့်လည်း ထိခိုက်မှုများရှိခဲ့သည်။
ယခုနှစ်နွေရာသီတွင် နိုင်ငံတစ်ဝန်းအပူလှိုင်းဖြတ်သန်းမှုများကြောင့် ထုတ်လုပ်မှုကိုထိခိုက်စေခဲ့သော်လည်း ရှန်ဟိုင်း၌လော့ခ်ဒေါင်းစနစ်ရုပ်သိမ်းလိုက်သဖြင့် မော်တော်ယာဉ်ကဏ္ဍတွင်အနည်းငယ်ပြန်လည်ကောင်းမွန်လာခဲ့သည်။
လျှပ်စစ်အားသွင်းစနစ်ကားများရောင်းချခြင်းသည် ယခုနှစ်၏ပထမနှစ်ဝက်တွင် လွန်ခဲ့သည့်တစ်နှစ်ကထက် နှစ်ဆကျော်တိုးလာသည်။ ထိုသို့တိုးတက်လာခြင်းမှာ အစိုးရ၏ထောက်ပံ့မှုနှင့် အခွန်ကင်းလွတ်ခွင့်များရရှိစေခြင်းကလည်း တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်းဖော်ပြထားသည်။
Source – Reuters/ng