Wednesday, August 12, 2026

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း...

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊...

စစ်ကိုင်းတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ...

စစ်ကိုင်း၊သြဂုတ်-၁၂စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၁၁ ရက် က စစ်ကိုင်းမြို့...

မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင်...

မန္တလေး၊ ဩဂုတ် ၁၁မန္တလေးတက္ကသိုလ် ပင်မဆောင်အား မူလပုံစံမပျက် ပြန်လည်ပြုပြင် တည်ဆောက်နေပြီး ယင်းသို့ တည်ဆောက်နေမှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဩဂုတ်...
HomeInternationalတရုတ်ဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့ ရှန်ဟိုင်း၌တွေ့ဆုံ

တရုတ်ဝန်ကြီးချုပ်နှင့်မလေးရှားဝန်ကြီးချုပ်တို့ ရှန်ဟိုင်း၌တွေ့ဆုံ

ရှန်ဟိုင်း၊နိုဝင်ဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချင်သည် ၇ ကြိမ်မြောက် တရုတ်၏ နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲကို တက်ရောက်ရန် ရှန်ဟိုင်းသို့ရောက်ရှိနေသည့် မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်နဝါအီဘရာဟင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

မစ္စတာလီက တရုတ်-မလေးဆက်ဆံရေးသည် အဆင့်သစ်သို့တက်လာခဲ့ပြီး ဘုံအနာဂတ်ရှိသော တရုတ်-မ‌လေးရှား အသိုက်အဝန်း တည်ဆောက်ရေးရည်မှန်းချက်ကိုလည်း ဖြည်းဖြည်း မှန်မှန် ဦးတည် ရွေ့ရှားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းနောက် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့်ယုံကြည်မှုများဖြင့် နှစ်ဘက်ခေါင်းဆောင်များချမှတ်ထားသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် မလေးရှား နှင့်လက်တွဲဆောင်ရွက်ဖို့အသင့်ရှိကြောင်းဆိုကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်အသင့်ရှိသည်ဟုလည်းဆိုခဲ့သည်။

ထို့အပြင် နှစ်နိုင်ငံအကျိုးစီးပွားနှင့် အဓိက ကျသော စိုးရိမ်မကင်း ဖြစ်ဖွယ် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အချင်းချင်း ခိုင်မာစွာပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ၊ အုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံများဖလှယ်ရေးအပါအဝင် အမျိုးမျိုးသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

မစ္စတာအန်နဝါကလည်း တရုတ်သည် မလေး၏ မိတ်ဆွေကောင်းနှင့်မိတ်ဖက်ကောင်းနိုင်ငံဖြစ်ပြီး တရုတ်နှင့် ရပ်ဝန်းနှင်လမ်းမ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့်ပညာရေးအစရှိသည့် နယ်ပယ်များတွင်ပါ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဆန္ဒရှိကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံသား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သော တရုတ်နိုင်ငံ သား(၆ဝ)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ သြဂုတ် ၁၁ ရက်နံနက် ၁၀ နာရီခွဲကျော်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းရှိ နေအိမ်တစ်လုံးအားဝင်ရောက်ရှာဖွေစစ်ဆေးစဥ် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၆ဝ)ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမရပူရမြို့နယ်မှ ရေဘေးသင့်သူ(၂)ထောင်ဦးခန့်အား ထောက်ပံ့ပစ္စည်းများပေး

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ဒုဋ္ဌဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျေးရွာ(၁၄)ရွာအတွင်းရှိ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်လျက်ရှိ၍ တောင်ကိုင်းကျေးရွာအုပ်စု၊ ကင်းဘက်ကျေးရွာ အုပ်စု၊ တလင်းကြီးကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ ဥယျာဉ်တော်ကျေးရွာ အုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာအုပ်စု၊ ရွှေကြက် ယက်ကျေး ရွာအုပ်စုတို့မှ ကျေးရွာ (၁၄)ရွာတွင်နေထိုင်သော ရေဘေးသင့်သူ(၁၉၈၇)ဦးအား ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်သူများကို မန္တလေးတိုင်းဝန်ကြီး ချုပ်ဦးမျိုးအောင်က သြဂုတ် ၁၁ ရက်တွင် မြအင်းကျေးရွာရှိ မြရိပ်စိုဓမ္မာရုံ၌တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်၊ ထို့ပြင်...

စစ်ကိုင်းတွင် ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်ကိုင်း၊သြဂုတ်-၁၂စစ်ကိုင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် ၁၁ ရက် က စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးကိုလေးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ကျေးရွာများဖြစ်သည့် ညောင်ပင်ဝန်း၊ တလိုင်းကျွန်းနှင့် ညောင်ပင်သာကျေးရွာတို့မှ ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဝန်ကြီးချုပ်ဦးကိုလေးက ရေပြန်လည်ကျဆင်းပါက စာသင်ကျောင်းများ သန့်ရှင်းရေး၊ စိုက်ပျိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးတို့ကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့အပြင် နံနက်ပိုင်းကလည်း မူးမြစ်ရေလျှံမှုကြောင့် မုံရွာ-စစ်ကိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071