မြန်မာနိုင်ငံတွင် ကျော်ကြားသော အဆင့်မြင့်ပညာသင်ကြားရေး တက္ကသိုလ်တစ်ခုဖြစ်သည့် ရန်ကုန် တက္ကသိုလ်တွင် တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲ (HSK) ကို ဇွန်လ ၂၂ ရက်က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
စာမေးပွဲကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Li Qianguo သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ ဒုပါမောက္ခချုပ် များဖြစ်သည့် ဒေါက်တာခင်ချစ်ချစ်၊ ဒေါက်တာသီတာအေး၊ ဒေါက်တာသူဇာမြင့်တို့နှင့် စာမေးပွဲကျင်းပရေးရာကိစ္စရပ်များစီစဥ်သော Lehua International Education ၏ ကျောင်းအုပ်ကြီး Ms. Huang Jiaojiao တို့က တရုတ်ဘာသာကျွမ်းကျင်မှုစာမေးပွဲ စီမံခန့်ခွဲရေး အရည်အချင်းများ၊ တရုတ်-မြန်မာပညာရေးနှင့် ယဉ်ကျေးမှု အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အတူဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ရေး လှုပ်ရှားမှုများ ပိုမိုကျင်းပနိုင်ရေးအတွက် ကြိုဆိုကြောင်းနှင့်ထောက်ခံကြောင်း ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက ပြောကြားခဲ့ပါသည်။
ထိုနေ့တွင်ပင် ရန်ကုန်အရှေ့တိုင်းပိုင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ စီစဥ်ကျင်းပသော ယခုနှစ် တတိယအကြိမ်မြောက် တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း တရုတ်ဘာသာစွမ်းရည်ကျွမ်းကျင်မှုစာမေးပွဲဖြေဆိုရာနေရာနှင့် အကြိမ်ရေများ တိုးလာခြင်းသည် ဒေသတွင်းလိုအပ်ချက်များကိုပြည့်ဝစေပြီး မြန်မာနိုင်ငံရှိ တရုတ်ဘာသာစကား သင်ယူသူ အများစုအတွက် အဆင်ပြေစေကြောင်း သိရသည်။