Wednesday, January 21, 2026

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ...

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင်...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...
HomeInternationalတရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လို- လီဂျေးမြောင်

တရုတ်နှင့်ဆက်ဆံရေး အဆင့်သစ်ဖွင့်လှစ်ထူထောင်လို- လီဂျေးမြောင်

ရာထူးတာဝန်ယူပြီးနောက်ပိုင်း လီ၏ ပထမဆုံး ပေကျင်းခရီးစဉ်အတွင်း၌ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့အပြီးတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအတွက် အဆင့်သစ် ဖွင့်လှစ်လိုကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ယခုထိပ်သီးအစည်းအဝေးသည် ၂၀၂၆ ခုနှစ်ကို ကိုရီးယား-တရုတ်ဆက်ဆံရေး အပြည့်အဝပြန်လည်ထူထောင်သည့် ပထမနှစ်အဖြစ် ဖန်တီးရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်လာလိမ့်မည်ဟု လီက ပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြား မဟာဗျူဟာ‌မြောက်ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ခေတ်ကာလ၏ ပြန်လည်ပြောင်းလဲ၍ မရနိုင်သော လမ်းကြောင်းတစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်သွားမည်ဟု မိမိယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင်သတင်းဌာန ရှင်းဟွာက သတင်းဖော်ပြခဲ့သော မှတ်ချက်များတွင် ရှီသည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို တွန်းလှန်ခဲ့သည့် တရုတ်နှင့် ကိုရီးယားတို့၏ တူညီသော အတွေ့အကြုံကို ထူးထူးခြားခြားပင် တိုက်ရိုက်ရည်ညွှန်း ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က တရုတ်နဲ့ တောင်ကိုရီးယားတို့ဟာ ကြီးမားတဲ့ အမျိုးသားရေးစွန့်လွှတ်စွန့်စားမှုတွေ လုပ်ခဲ့ရပြီး ဂျပန်စစ်ဝါဒအပေါ် အောင်ပွဲခံခဲ့ကြပါတယ်” ဟု ရှီက လီကို ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် အရှေ့မြောက်အာရှ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်သင့်ကြောင်း ရှီက ဆက်လက်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် တရုတ်တို့သည် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ခြင်း၏ အရေးပါမှုကို အတည်ပြုခဲ့ပြီး ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် တင်းမာမှုများ လျှော့ချရန်အတွက် နည်းလမ်းများကို ဆက်လက်ရှာဖွေသွားရန် သဘောတူခဲ့ကြကြောင်း လီနှင့် ရှီ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် လီ၏ လုံခြုံရေးအကြံပေး ဝီဆွန်လက်က ပြောကြားခဲ့သည်။

Ref: အင်န်ဘီစီနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံမှ အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံး ကျပ် (၁ဝဝဝဝ)ဖြင့်ရောင်းချပေး

တာမွေမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းအုံ၏ အစီအစဉ်ဖြင့် အနှေးယာဉ် လုပ်သားကြီးများအား တာယာ တစ်လုံးလျှင် ကျပ် (၁၀၀၀၀)ဖြင့် ယနေ့တွင် အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်ဝန်းအတွင်း၌ ရောင်းချပေးခဲ့သည်။ ယင်းသည် အကြွေး စနစ်ဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အလှူရှင်များကလည်း သီလရှင်ဆရာလေးများအပါအဝင် တာမွေမြို့ရှိ ရပ်ကွက်နေပြည်သူများနှင့် အနှေးယာဉ်လုပ်သားများကို ဆန်၊ဆီ၊ဆား၊ ဟင်းသီးဟင်းရွက်များအပါအဝင် ပိုက်ဆံများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်းတွင်လည်း ဆန်၊ဆီ၊ကြက်ဥနှင့် ပဲ တို့ကို သက်သာသောဈေးနှုန်းဖြင့်တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀ သို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်သည် ဇန်နဝါရီ...

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071