ယနေ့ရန်ကုန်မြို့တွင်ကျင်းပခဲ့သည် တရုတ်နှစ်သစ်ကူးပွဲတော်တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးနှင့် နစကဥက္ကဌ တို့က ခြင်္သေ့ မျက်လုံးအား ဆေးရောင်ခြယ်ခဲ့ကြသည်။
နစကဥက္ကဌ က “နှစ်ဟောင်းကနေနှစ်သစ်ကို ကူးပြောင်းကြတဲ့အခါမှာ ကျွန်တော်တို့တွေဟာ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အကောင်းအဆိုး၊အကြောင်းအကျိုး၊တွေကိုသေချာလေ့လာစိစစ်ဝေဖန်ပိုင်းခြားပြီး နှစ်သစ်မှာ ပိုမိုကောင်းမွန်တိုးတက်အောင် အချင်းချင်းစည်းလုံးညီညွတ်စွာဝိုင်းဝန်းကူညီဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ကျွန်တော်တို့တတွေဆိုတဲ့နေရာမှာလည်း တဦးချင်းတယောက်ချင်းကစလို့ မိသားစုအချင်းချင်း၊ရပ်ကွက်အချင်းချင်း၊မြို့အချင်းချင်းနဲ့နိုင်ငံအချင်းချင်းထိပါဝင်ပါတယ်”ဟု ထိုပွဲတွင်ပြောကြားခဲ့သည်။
တနိုင်ငံတည်းဗိုလ်ကျစိုးမိုးနေသည့် ဧကဝင်ရိုးကနေ နိုင်ငံစီုစိုးမိုးသည့် ဗဟုဝင်ရိုးကိုပြောင်းလဲနိုင်ရေးအတွက် တခြားကမ္ဘာ့နိုင်ငံများနှင့်ပူးပေါင်းလုပ်ဆောင်သွားမည့်ကိစ္စများအပေါ်တွင်လည်းကြိုဆိုအားပေးကြောင်း နစက ဥက္ကဌက အဆိုပါပွဲတွင်ထည့်သွင်းပြောကြားခဲ့သေးသည်။


