တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း Doksuri တိုက်ခတ်မှုကြောင့် ဘေးဒုက္ခခံစားနေရသည့် ဖုကျန့်ပြည်နယ် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော အရပ်ဖက်သုံး ဒရုန်းများကိုလည်း အသုံးပြုကာ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေလျှက်ရှိကြောင်း သိရသည်။
ယင်းဒရုံးများမှာ အရပ်ဖက်သုံး ဒရုန်းမျာအနက် အကြီးစားများဖြစ်ကြသည့် Wing Loong-2H အမျိုးအစား ဒရုန်းများဖြစ်သည်။ အဆိုပါ ဒရုန်းများသည် မိုးလေဝသဆိုင်ရာ စောင့်ကြည့်ရေးကိရိယာများဖြင့် သဘာ၀ဘေးအန္တရာယ်အခြေအနေကို ၁၁ နာရီမျှ ဆက်တိုက်စောင့်ကြည့်ပေးနေကြပြီး၊ ကီလိုမီတာပေါင်း ၃၀၀၀ မျှဧရိယာကို စောင့်ကြည့်ပေးနေကြကြောင်းသိရသည်။
ထို့အပြင် မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ရေမျက်နှာပြင်အခြေအနေများ၊ အဆောက်အအုံပျက်စီးမှုများနှင့် အခြားသော ဘေးအန္တရာယ် အခြေအနေများကိုပါ စောင့်ကြည့်ပေးကြပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူတို့က တိကျစွာ စီမံခန့်ခွဲမှုများပြုလုပ်နိုင်ရန် ပံ့ပိုးပေးလျှက်ရှိသည်။
တိုင်ဖွန်း Doksuri သည် ပြီးခဲ့သည့် သောကြာနေ့ နံနက်ပိုင်းက ဖုကျန့်ပြည်နယ်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ကမ်းရိုးတန်းရှိ မြို့အများအပြားသို့ အင်အားပြင်းထန်သော မိုးသက်လေပြင်းကျရောက်စေခဲ့သည်။