လာမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို ပေကျင်းမြို့၌ ယမန်နေ့ ဒီဇင်ဘာ(၅)ရက်နေ့က စတင်မဲပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံး ၌ ကြိုတင်မဲပေးခြင်းကို မနက် ကိုးနာရီခွဲမှ ညနေ ငါးနာရီခွဲအထိ ပြုလုပ်ခဲ့ပြီး ပေကျင်းမြိုမှ သံအမတ်ကြီး ဦးတင်မောင်ဆွေက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ သံရုံးဝန်ထမ်းများက ကြိုတင်ဆန္ဒမဲပေးရန် လာရောက်ကြသည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များအား စီစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် များနှင့်ပတ်သက်သည့် အခြားလိုအပ်သည်များ လုပ်ဆောင်ပေးခြင်းတိုကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒုတိယနေ့ ဖြစ်သည် ယနေ့ ဒီဇင်ဘာ(၆)ရက်နေ့၌ လည်း ကြိုတင်မဲပေးရန် သံရုံးတွင် ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထားသည်။
