Saturday, November 15, 2025

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် (...

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု...

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ...

မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ...
HomeInternationalတရုတ်နိုင်ငံ၏ ပထမဆုံး ကမ်းလွန်လေအားလျှပ်စစ်စက်ရုံကို...

တရုတ်နိုင်ငံ၏ ပထမဆုံး ကမ်းလွန်လေအားလျှပ်စစ်စက်ရုံကို ဝန်ကြီးဦးဥာဏ်ထွန်း ကြည့်ရှုလေ့လာ

တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် စီမံကိန်းများအကောင်ထည်ဖော်ရန် ‌ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်၊ ရုဒုံမြို့၊ ဟွန်ကျန်းပင်လယ်ကွေ့အပြင်ဘက်ရှိ ဒီရေတောကမ်းခြေတွင် China Longyuan Power Group Corporation Limited မှတည်ဆောက်ထားသော ကုန်းတွင်း၊ ဒီရေတောနှင့် ကမ်းလွန်တို့တွင် တပ်ဆင်အင် အား(၄၈၀)မဂ္ဂါဝပ်ရှိသည့် Ru Dong  Huan  Gang  Offshore Wind Farm ကမ်းလွန်လေအားလျှပ်စစ်စက်ရုံကို အောက်တိုဘာ ၂၅ ရက်ကကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံတွင် ပထမဆုံးကမ်းလွန်လေစွမ်းအင်ရှေ့ပြေးစမ်းသပ်တည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် (၂ ဒသမ ၅၄) ဘီလီယံခန့်ရှိကာ ပထမအဆင့်အနေဖြင့် (၁ ဒသမ ၅) မဂ္ဂါဝပ်၊ (၂) မဂ္ဂါဝပ်၊ (၂ ဒသမ ၅) မဂ္ဂါဝပ်၊ (၃) မဂ္ဂါဝပ် တပ်ဆင်အင်အားများရှိသော လေအားတာဘိုင် (၁၆) လုံး (စုစုပေါင်း ၃၀ မဂ္ဂါဝပ်) ကို ၂၀၀၉ ခုနှစ်တွင်  စတင်စမ်းသပ်တည်ဆောက်၍ ၂၀၁၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားစတင်ဓာတ်အားထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအဆင့်တွင် (၂ ဒသမ ၃) မဂ္ဂါဝပ်၊ (၂ ဒသမ ၅) မဂ္ဂါဝပ်၊ (၃) မဂ္ဂါဝပ်လေအားတာဘိုင် (၅၈) လုံး (စုစုပေါင်း ၁၅၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် စတင်ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကာ တတိယအဆင့်တွင် (၂ ဒသမ ၅) မဂ္ဂါဝပ် လေအားတာဘိုင် (၂၀) လုံး (စုစုပေါင်း ၅၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဓာတ်အားထုတ်လုပ်ခဲ့ပြီး စတုတ္ထအဆင့်တွင် (၄) မဂ္ဂါဝပ်၊ (၅) မဂ္ဂါဝပ်၊ (၆) မဂ္ဂါဝပ် လေအားတာဘိုင် (၁၁) လုံး (စုစုပေါင်း ၅၀ မဂ္ဂါဝပ်) တပ်ဆင်၍ ၂၀၁၄ ခုနှစ်တွင်ဓာတ်အားထုတ်လုပ်ခဲ့သည်။

ပဉ္စမအဆင့်တွင် (၄) မဂ္ဂါဝပ် လေအားတာဘိုင် (၄၀) လုံး (စုစုပေါင်း ၂၀၀ မဂ္ဂါဝပ်) တပ်ဆင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်ဓာတ်အားထုတ်လုပ်ခဲ့သဖြင့် စုစုပေါင်း တပ်ဆင်အား (၄၈၀) မဂ္ဂါဝပ်အထိရှိလာခဲ့ကာ တာဘိုင်တာဝါတိုင်များ၏ အုတ်မြစ်များတွင်လည်း ကွန်ကရစ်ပိုင်တိုင်များနှင့် ကွန်ကရစ်အောက်ခံခုံ (PHC pipe piles with concrete caps) များ၊ သံမဏိဖြင့်ပြုလုပ်ထားသော ပိုင်တိုင်များအထိ ပုံစံအမျိုးမျိုးရှိသည်။

ဝန်ကြီးဦးဥာဏ်ထွန်းသည် ခရီးစဉ်အတွင်း၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင်ကုမ္ပဏီများဖြစ်သည့်  ShweLi (1) Hydropower Co.,Ltd. ၊ Yunnan United Power DevelopmentCo.,Ltd. ၊ Goodwe Technologies Co.,Ltd.၊ POWERCHINA Chengdu Engineering Corporation Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စီမံကိန်းများအကောင်အထည်ဖော်ရာတွင် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတိုင်းက အမျိုးသားရေးကို ဦးစားပေးဖော်ထုတ်လာဟု နိုင်ငံတော်ယာယီသမ္မတပြော

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများအပါအဝင် နိုင်ငံများသည် အခြားသောနိုင်ငံရေးများထက် အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသော ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းတည်ဆောက်နေကြ၍ နိုင်ငံတော်၏ ဘက်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရေးအတွက် “စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်”ကို နိုင်ငံသားတိုင်း၌ မရှိမဖြစ်ရှိနေကြရန်လိုအပ်သည်ဟု ပြောသည်။ မြန်မာစာပေ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည် အီလက်ထရောနစ်မဲပေးစက် ( MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်

လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုမည့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ စံချိန်စံညွှန်းကို မြန်မာစံချိန်စံညွှန်းအဖြစ် သတ်မှတ်ပြီးဖြစ်ပြီး အရည်သွေးကိုက်ညီမှုထောက်ခံချက်လက်မှတ်နှင့် စံချိန်စံညွှန်းအမှတ်တံဆိပ်အသုံးပြုခွင့်လိုင်စင်ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ နိုဝင်ဘာ (၁၄) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ MEVM ကို ပြည်တွင်းနည်းပညာရှင်များ က ပထမဆုံးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး စက်၏ အရည်သွေးနှင့် စံချိန်စံညွှန်းကို စစ်ဆေးပေးရန် အမျိုးသားစံချိန်စံညွှန်းကောင်စီကတင်ပြခဲ့ခြင်း ဖြစ်သည်။ ကောင်စီက မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များပါဝင်သည့် အဖွဲ့ဝင် (၂၀) ဦးဖြင့် ဖွဲ့စည်းပြီး MEVM...

YMBA ၏ (၇၅)ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟို၏ (၇၅) ကြိမ်မြောက် စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန်၌ကျင်းပခဲ့ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် YMBA ၏ (၇၅) ကြိမ် မြောက်စိန်ရတု (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲတွင် မြန်မာဘာသာ (အကြီးတန်း)၊ ပအိုဝ်းဘာသာ (အကြီးတန်း)နှင့် မွန်ဘာသာ (အငယ်တန်း) တို့တွင် ပထမဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071