Friday, January 17, 2025

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်များဖြင့် မအူပင်မဒေသခံ (၄၅၅)ဦးကို...

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာရှိ ဒေသခံ ပြည်သူ...
HomeNewsLocal Newsတရုတ်နိုင်ငံ၏ နံပါတ် (၁)...

တရုတ်နိုင်ငံ၏ နံပါတ် (၁) ကန်တုံသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များအား ပါဝင်ပြသရန်ဖိတ်ခေါ်

(၁၃၄)ကြိမ်မြောက် ကန်တုံသွင်းကုန်/ပို့ကုန်ကုန်စည်ပြပွဲကြီး (China Import and Export Fair) တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ယမန်နေ့ ဩဂုတ်လ (၂၂)ရက်ပြုလုပ်သည့် ကန်တုံကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနားတွင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (၁၃၄)ကြိမ်မြောက် ကန်တုံ သွင်းကုန်/ပို့ကုန်ကုန် စည်ပြပွဲ (China Import and Export Fair) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်မှ (၃၁) ရက်အထိတရုတ် ပြည်သူ့သမ္မတနိုင်ငံ ၊
Guangdong ပြည်နယ်၊ Canton Fair Complex တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်တုံ နိုင်ငံတကာကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ကုန်စည်ပြပွဲများအနက် နံပါတ်(၁) ကုန်စည်ပြပွဲကြီး ဖြစ်ပြီး၊တရုတ်နိုင်ငံနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် အရေးပါသည့် ပြတင်းပေါက်ဖြစ်သည့်အပြင် နိုင်ငံတကာမှ Supplier နှင့် Buyer များအကြား ချိတ်ဆက်ပေးသည့် Platform တစ်ခုဖြစ်သည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါကြောင်း ပြပွဲတစ်ခုဖြစ်
ကြောင်း သိရသည်။

အဆိုပါ (၁၃၄)ကြိမ်မြောက် ကန်တုံကုန်စည်ပြပွဲကို Online/Offline ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြခန်းပေါင်း (၇၄,၀၀၀)ခန့်ပါဝင်ကာ နိုင်ငံတကာမှ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် စွမ်းအင်သုံးကား၊ လယ်ယာထွက်ကုန်ပစ္စည်း၊ စက်နှင့်လျှပ်စစ်ပစ္စည်း၊အိမ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပြသသွားမည်ဖြစ်သည်။

134th Canton Fair မိတ်ဆက်အခမ်းအနားတွင် ကုန်သည် စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Quyang Daobing, မြန်မာ-တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့မှ အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး၊ ပြပွဲသို့ RCEP အဖွဲ့ဝင်နိုင်ငံများ၊ ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံများလည်းပါဝင်ပြီး မြန်မာကုမ္ပဏီများလည်း အများအပြားပါဝင်ပြသစေချင်ကြောင်း တရုတ်နိုင်ငံခြားကုန်သွယ်ရေးစင်တာမှ ဒုတိယဥက္ကဋ္ဌ Mr. Zhang Sihong က ဖိတ်ခေါ်ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ ရေပန်းစားသည့် ဆွေးနွေးပွဲများ၊ဖိုရမ်များ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲအစီအစဉ်များကို ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့ထုတ်ကုန်များပါဝင် ပြသခြင်းဖြင့် တရုတ်-မြန်မာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည့်အပြင် တရုတ် – မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် Online Canton Fair Platform လည်းဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး နိုင်ငံတကာဝယ်လက်များအနေဖြင့် နေ့စဉ်ဝင်ရောက် အရောင်းအဝယ်များပြုလုပ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဟုဆို

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြုလုပ်နိုင်ရေးအတွက် ပြခန်းများတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေးစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည်နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် ကောင်းမွန်သည့်အထောက်အပံ့ဖြစ်စေရန် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်စေရန် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ပြည်တွင်း၌ လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071