ဆူဂျိုး၊ဇန်နဝါရီ ၂၁
တရုတ်နိုင်ငံ၌ ကိုဗစ်ကူးစက်မှုမြင့်တက်လာနိုင်သည့် စိုးရိမ်မှုများ ရှိသော်လည်းယခုအပတ်စနေ၊တနင်္ဂနွေပိတ်ရက်မှစကာ နှစ်သစ်ကူးပွဲတော်အားကျင်းပနေကြောင်းသိရှိရသည်။
သုံးနှစ်နီးပါးတင်းကျပ်သောစည်းမျဉ်းများဖြင့် အိမ်ထဲတွင်သာပိတ်မိနေသောအများပြည်သူများသည်လည်း ဒီဇင်ဘာလ ကိုဗစ်စည်းမျဉ်းလျှော့ချလိုက်ကတည်းက မိမိတို့၏ကွဲကွာနေသော ဆွေမျိုးများထံသွားရောက်လည်ပတ်တွေ့ဆုံခြင်းများပြုလုပ်လာကြသည်။
နှစ်သစ်ကူးကာလအတွင်း အထင်ကရနေရာများသို့လည်ပတ်ခြင်းထက် ဆွေမျိုးညာတိများနှင့်တွေ့ရန် ပြန်ကြသည်ကများသည်ဟုလည်းဆိုသည်။အထင်ကရရှိသောနေရာအချို့သည်လည်း ကိုဗစ်ကြောင့်စီးပွားရေးကျဆင်းကာ ပိတ်ထားရသည်ဟု ဒေသခံဧည့်လမ်းညွှန်တစ်ဦးကပြောကြားခဲ့သည်။
အဆိုပါအထင်ကရနေရာများရှိ ဈေးရောင်းဈေးဝယ်လုပ်ကိုင်သူလုပ်ငန်းရှင်များကလည်း ဧည့်ခရီးသွားများကိုမျှော်နေကြောင်း ပြောကြားခဲ့ပြီး ဧည့်သည်များဝင်ရောက်မှုများရန်သာ ဆုတောင်းနေရကြောင်းလည်းပြောကြားခဲ့သည်။
တရုတ်၌ပြီးခဲ့သည့်လကုန်ပိုင်းမှစကာ ဆေးရုံများ၌ ကိုဗစ်ဖြင့်သေဆုံးသူ ခြောက်သောင်းနီးပါးရှိခဲ့ကြောင်းသိရသည်။ယူကေအခြေစိုက် ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Airfinity ကမူ တရုတ်နိုင်ငံတွင်းကူးစက်မှုသည် တစ်နေ့လျှင် ၄ ဒသမ ၈ သန်းအထိမြင့်တက်လာနိုင်ပြီး သေဆုံးနှုန်းလည်း တစ်ရက်လျှင် ၃၆,၀၀၀ အထိရောက်ရှိလာနိုင်သည်ဟုဆိုခဲ့သည်။
Source : Nikkei Asia