Monday, January 20, 2025

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည်...

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင်...

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း...

ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အကျိုးသက်‌ရောက်ပြီ

ဂျေရုဆလင်၊ဇန်နဝါရီ ၁၉ ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးသည် တိုက်ပွဲကာလ ၁၅ လကြာပြီး လူအ‌ေ-သအပျောက်များ များစွာဖြစ်ပေါ်ခဲ့ပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် စတင်အကျိုးသက်‌ေရာက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟားမတ်စ်ဘက်မှ ယမန်နေ့ညနေပိုင်းတွင်လွှတ်ပေးမည့် ဓ-ါးစာခံအမျိုးသမီး...
HomeNewsLocal Newsတရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု...

တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်ဝန်ကြီးချုပ်ပြော

တရုတ်နိုင်ငံအတွင်းအခြေပြု၍ မြန်မာနိုင်ငံအကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကိုလက်သင့်ခံမည်မဟုတ်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang မှ ယနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံမှ အပြည့်အဝထောက်ခံအားပေးကူညီသွားမည်ဖြစ်ကာ အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် ထာဝရရပ်တည်သွားမည်ဟု ပြောသည်။

မြန်မာအစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့်လက်နက်ကိုင်ပဋိပက္ခများကို အကြမ်းဖက်သည့်နည်းဖြင့် ပြန်လည်မဖြေရှင်းဘဲ နိုင်ငံရေးအရဖြေရှင်းနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့မှုများကိုချီးကျူးပြီး တရုတ်နိုင်ငံအနေဖြင့် နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကိုထောက်ခံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဆန္ဒပြုကူညီသွားမည်ဟု ပြောသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအသိအမှတ်ပြုကာ တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင်ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားသည်။

အလားတူ နှစ်နိုင်ငံနယ်စပ်ဂိတ်များသည် အစိုးရ၏စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

” တရုတ်-မြန်မာ ဆက်ဆံရေးနဲ့နိုင်ငံရေးအရ ယုံကြည်မှုတွေ ပိုမိုတိုးတက်လာစေဖို့ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားပါမယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးဟာ ထိပ်တန်းစီမံကိန်းဖြစ်တာကြောင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာနယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံအရေးသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအရေးပင်ဖြစ်၍ နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ဆောင်ရွက်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးပြန်ရဖို့ အာဆီယံက ကြိုးပမ်းဆဲဖြစ်

လန်ကာဝီ၊ဇန်နဝါရီ ၁၉ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပြန်လည်ဖော်ဆောင်နိုင်ရေးသည် အာဆီယံအဖွဲ့ကြီး၏ ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်မည့် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ကပြောကြားခဲ့သည်။ မြန်မာ့အခြေအနေနှင့်ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အခြေအနေကိုပြန်လည်တည်ငြိမ်စေကာ မြန်မာ့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုသည် မြန်မာ နိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်တည်ငြိမ်ရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းပြောကြားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ နှစ်ဖက်သက်ဆိုင်သူများအနေဖြင့် ရန်လိုမှုများကိုအဆုံးသတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် ဦးစားပေးလုပ်ဆောင်သင့်ပြီး သက်ဆိုင်သူများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန် တောင်းဆိုသည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။ အာဆီယံမူဘောင်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကိုဖြေရှင်းရမည်ဖြစ်ကြောင်း မိုဟာမက်ကဆက်လက်ပြောကြားခဲ့ပြီး ဒေသတွင်းအကျိုးစီးပွားများကို စုပေါင်းကာကွယ်ရန်အရေးကြီးသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်း

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပလျက်ရှိသည့် စေတိယင်္ဂပရိယတ္တိဓမ္မာနုဂ္ဂဟစာလျှောက်မေးပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်လှူဒါန်းသော ကျောက်စိမ်းတံဆိပ်တော်များအား ရွှေတိဂုံစေတီတော် ဗုဒ္ဓပြတိုက်သို့လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင် အနောက်ဘက်မုခ်ရှိ ဗုဒ္ဓပြတိုက်တွင်ကျင်းပခဲ့သည်။ လှူဒါန်းပွဲသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်များကြွရောက်တော်မူကာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန် ကြီးဦးအေးထွန်းတက်ရောက်ကြည်ညိုပူဇော်ခဲ့သည်။ စေတိယင်္ဂဏစာလျှောက်မေးပွဲနှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျောက်စိမ်းဖြင့်ထုလုပ်ထားသည့် အချင်း ၃၀ လက်မ၊ ထု ၃ လက်မခွဲ အရွယ်ရှိ "စေတိယင်္ဂဏစာလျှောက်မေးပွဲတံဆိပ်တော်"၊ ကျောက်စိမ်းအနက်ဖြင့် ထုလုပ်ထားသော အချင်း ၂၇ လက်မ၊ ထု ၈ လက်မခွဲ"အောင်မောင်းကြီး"(၁)လုံးနှင့် အချင်း...

ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၁၀)ရပ်ကွက်၊ (၄၆)လမ်းတွင် လူနေတိုက်ခန်း တစ်ခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းခဲ့ကြကြောင်း မြို့ခံများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည (၁၀)နာရီ (၂၅)မိနစ်အချိန်ခန့်က ဗိုလ်တထောင်မြို့နယ်၊ (၄၆)လမ်းရှိ လူနေတိုက်ခန်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ ထွက်ခွာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ရာ ည (၁၀)နာရီ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071