(Unicode)
တရုတ်နိုင်ငံအစိုးရအကူအညီဖြင့်ဆောင်ရွက်သည့် ရန်ကုန်အမျိုးသားဇာတ်ရုံ ဆက်လက် ပြုပြင်နေ
တရုတ်နိုင်ငံအစိုးရအကူအညီဖြင့်ဆောင်ရွက်သည့် ရန်ကုန်အမျိုးသားဇာတ်ရုံ ကို ဆက်လက် ပြုပြင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ ဇာတ်ရုံကို တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလတွင် တည်ဆောက်ပြီးစီး၍ စတင်အသုံးပြုခဲ့ပြီးနောက်နှစ်များကြာလာသည့်အတွက် ဇာတ်ရုံအတွင်းအပြင်မှ ပစ္စည်းစွမ်းဆောင်ရည်များ၊ စတိတ်စင်၊ မီးအလင်းအမှောင်စနစ်နှင့် အသံစနစ် စသည့်စက်ပစ္စည်းများ ကို တရုတ် ကျွမ်းကျင်ပညာရှင်များ က မူလအသွင်သဏ္ဍာန် မပျောက်ပျက်စေရန် ပြုပြင်မွမ်းမံပေးခဲ့ကြကြောင်း သိရသည်။
ထိုင်ခုံ ၁၃၀၆ နေရာပါ အမျိုးသားဇာတ်ရုံ၏ ပင်မအဆောက်အအုံ ပရိသတ်ခန်းမ၊ စတိတ်စင်နှင့် အလှပြင်ခန်း စသည့် တွဲဖက်အသုံးအဆောင်များနှင့် အပြင်ပိုင်းလုပ်ငန်းစဉ်အချို တိုကိုပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စတင်၍ ပြုပြင်မွမ်းမံခဲ့ကြပြီးနောက် ကိုဗစ် ကပ်ရောဂါကြောင့် လုပ်ငန်းများကို ယာယီ ရပ်နားခဲ့ရာမှ ယခုအခါ ပြန်လည် လုပ်ငန်းစနေကြပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံပြီးပါက မြန်မာနိုင်ငံ အနုပညာလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး၊ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှု ပြန့်ပွားရေးတိုတွင် ပိုမိုအရေးပါနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
(Zawgyi)
တ႐ုတ္ႏိုင္ငံအစိုးရအကူအညီျဖင့္ေဆာင္႐ြက္သည့္ ရန္ကုန္အမ်ိဳးသားဇာတ္႐ုံ ဆက္လက္ ျပဳျပင္ေန
တ႐ုတ္ႏိုင္ငံအစိုးရအကူအညီျဖင့္ေဆာင္႐ြက္သည့္ ရန္ကုန္အမ်ိဳးသားဇာတ္႐ုံ ကို ဆက္လက္ ျပဳျပင္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္လိုက္သည္။
အဆိုပါ ဇာတ္႐ုံကို တ႐ုတ္ႏိုင္ငံအစိုးရ၏ အကူအညီျဖင့္ ၁၉၉၀ ျပည့္ႏွစ္ ဒီဇင္ဘာလတြင္ တည္ေဆာက္ၿပီးစီး၍ စတင္အသုံးျပဳခဲ့ၿပီးေနာက္ႏွစ္မ်ားၾကာလာသည့္အတြက္ ဇာတ္႐ုံအတြင္းအျပင္မွ ပစၥည္းစြမ္းေဆာင္ရည္မ်ား၊ စတိတ္စင္၊ မီးအလင္းအေမွာင္စနစ္ႏွင့္ အသံစနစ္ စသည့္စက္ပစၥည္းမ်ား ကို တ႐ုတ္ ကြၽမ္းက်င္ပညာရွင္မ်ား က မူလအသြင္သ႑ာန္ မေပ်ာက္ပ်က္ေစရန္ ျပဳျပင္မြမ္းမံေပးခဲ့ၾကေၾကာင္း သိရသည္။
ထိုင္ခုံ ၁၃၀၆ ေနရာပါ အမ်ိဳးသားဇာတ္႐ုံ၏ ပင္မအေဆာက္အအုံ ပရိသတ္ခန္းမ၊ စတိတ္စင္ႏွင့္ အလွျပင္ခန္း စသည့္ တြဲဖက္အသုံးအေဆာင္မ်ားႏွင့္ အျပင္ပိုင္းလုပ္ငန္းစဥ္အခ်ိဳ တိုကိုၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္က စတင္၍ ျပဳျပင္မြမ္းမံခဲ့ၾကၿပီးေနာက္ ကိုဗစ္ ကပ္ေရာဂါေၾကာင့္ လုပ္ငန္းမ်ားကို ယာယီ ရပ္နားခဲ့ရာမွ ယခုအခါ ျပန္လည္ လုပ္ငန္းစေနၾကၿပီ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားဇာတ္႐ုံ ျပဳျပင္မြမ္းမံၿပီးပါက ျမန္မာႏိုင္ငံ အႏုပညာလုပ္ငန္း ဖြံၿဖိဳးတိုးတက္ေရး၊ တ႐ုတ္-ျမန္မာခ်စ္ၾကည္ရင္းႏွီးမႈ ျပန႔္ပြားေရးတိုတြင္ ပိုမိုအေရးပါႏိုင္မည္ ျဖစ္ေၾကာင္းလည္း သိရသည္။