Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeNewsLocal Newsတရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတဆင့် ပဲတီစိမ်းတင်ပို့မှု...

တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတဆင့် ပဲတီစိမ်းတင်ပို့မှု ရပ်တန့်နေ

တရုတ်နိုင်ငံဘက်ခြမ်းတွင် ပဲတင်ပို့မှုကို လက်ခံဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ (၃) ခုအား တရုတ်နိုင်ငံ၏ လက်ရှိကုန်သွယ်မှုနှင့် သက်ဆိုင်သည့်ဥပဒေများကို ကျူးလွန်သည့်အတွက် စစ်ဆေးလျက်ရှိရာ ၎င်းတို့နှင့်သက်ဆိုင်သည့် ဝမ်တိန်၊ ရွှေလီရှိ ကုမ္ပဏီပိုင်ဂိုဒေါင်များကို ချိတ်ပိတ်ခံရသည့်အတွက် မြန်မာနိုင်ငံမှ တင်ပို့ထားသည့် ပဲတန်ချိန် (၁၀၀၀၀ )ပိတ်မိနေပြီး လက်ရှိတွင် နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့မှု ရပ်တန့်နေကြောင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ဝမ်တိန်ဂိတ်တွင် ပြီးခဲ့သည့် ဧပြီလ (၂၄) ရက်နေ့တွင် မြန်မာဘက်မှတင်ပို့သည့် ပဲမျိုးစုံတန်ချိန် (၁၀၀၀၀) ကျော်ကို သတ်မှတ်ထားသည့်နယ်မြေဒေသအား ကျော်လွန်တင်ပို့ရောင်းချခဲ့သည့်အတွက် တရုတ်ဘက်မှ ချိတ်ပိတ်ထားခြင်းဖြစ်ကြောင်းသိရသည်။

“ သူတို့ကတော့ ယူနန်ကိုတင်ပို့တာဖြစ်တဲ့အတွက် ယူနန်ပြည်နယ်ထဲပဲရောင်းချခွင့်ရှိတာပေါ့။ အဲဒါကို သူတို့က ကွမ်ကျိုးတို့ ပြည်မထဲထိရောင်းကြတယ်။  အဲဒီလိုရောင်းချတာကလည်း ဟိုးအရင်ကတည်းကရှိတယ်။ အခုမှထဖမ်းတာ။ မြန်မာဘက်မှာ အခွန်အပြည့်အဝဆောင်ပြီးတော့ ဟိုဘက်ကိုပို့တာ။ ဟိုဘက်ရောက်တော့လည်း တရုတ်ဘက်ကအခွန်ကိုအပြည့်ဆောင်တယ်။ အဓိကနယ်ကျော်လို ဖမ်းတာ”ဟု မူဆယ် ၁၀၅ မိုင်မှ ကုန်သည်(၁)ဦးက ပြောပါတယ်။

အဆိုပါ ချိတ်ပိတ်ခံရသည့် ပဲတန်ချိန် (၁၀၀၀၀) ကျော်သည် မြန်မာဘက်ခြမ်းတွင် အခွန်ဆောင်ထားသည့် ပဲများဖြစ်ပြီး ယခုကဲ့သို့ ထိန်းသိမ်းခံထားရသည့်အတွက် နစ်နာမှုများရှိကြောင်းလည်း နယ်စပ်ကုန်သည်များက ပြောပါသည်။

ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံဘက်ခြမ်းတွင် နေထိုင်သည့် မြန်မာကုမ္ပဏီဝန်ထမ်း (၃) ဦးအနက်  မြန်မာ ကုန်သည်နှစ်ဦးမှာ ပြီးခဲ့သည့်တစ်ပါတ်တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံဘက်မှ တရုတ်သို့ ပဲ၊ နှမ်း တင်ပို့မှုကို ဧပြီလကုန်အထိ ခေတ္တရပ်တန့်ခဲ့သော်လည်းနောက်ပိုင်းတွင် မြေပဲဆံနှင့် နှမ်းများတင်ပို့မှု ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင် ပဲ၊ နှမ်းများ ပိတ်မိနေမှုနှင့်ပတ်သက်၍ ဖြစ်စဉ်သိလျှင်သိချင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံ၊ ရွှေလီမြို့ ပြည်ပရေးရာဌာနသို့ မြန်မာကုန်သည်များ ဆုံးရှုံးနစ်နာမှုမရှိစေရေးဆောင်ရွက်ပေးရန် ညှိနှိုင်းအကြောင်းကြားစာ (၃) ကြိမ်ပေးပို့ခဲ့ပြီး စဉ်ဆက်မပြတ် ရွှေလီမြို့၊ ပြည်ပရေးရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်နေသလို တရုတ်နိုင်ငံ၊ကူမင်းမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးမှလည်း ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးသို့ မြန်မာကုန်သည်များ ဆုံးရှုံးနစ်နာမှုမရှိစေရေးဆောင်ရွက်ပေးရန် ညှိနှိုင်းအကြောင်းကြားထားကြောင်းစုံစမ်းသိရှိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071