Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsတရုတ်နိုင်ငံသို့ ဆရာဝန်များနှင့်ကျွမ်းကျင်ပညာရှင်များ သင်တန်းတက်ရောက်ခြင်းနှင့်နှစ်နိုင်ငံ...

တရုတ်နိုင်ငံသို့ ဆရာဝန်များနှင့်ကျွမ်းကျင်ပညာရှင်များ သင်တန်းတက်ရောက်ခြင်းနှင့်နှစ်နိုင်ငံ ကျန်းမာရေးပညာရှင်များ အပြန်အလှန်စေလွှတ်ခြင်းများ လုပ်မည်

တရုတ်နိုင်ငံ၊ ကျန်စုပြည်နယ်ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့်ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ သင်တန်းတက်ရောက်စေမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် စက်တင်ဘာ (၁၇) ရက်နံနက်ပိုင်းက ကျန်စုပြည်နယ်၊နန်ကျင်းမြို့ရှိ ကျန်စုပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသို့သွားရောက်လေ့လာကြည့်ရှု၍ ကျန်စုပြည်နယ် ကျန်းမာရေးကော်မရှင်ဒု-ဥက္ကဋ္ဌ Mr. Zhou Minghao နှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးနှင့်ကျန်စုပြည်နယ် ကျန်းမာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ Mr. Zhou Minghao တို့သည် နှစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာ-တရုတ်နှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါအပါအဝင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်တိုင်းရင်းဆေးပညာကဏ္ဍသစ်တွင် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်မည်များကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နေပြည်တော်တွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့်ကျန်းမာရေး သင်တန်းကျောင်းကို မကြာမီဖွင့်လှစ်နိုင်ရန်စီစဉ်လျက်ရှိပြီး နောင်ဖြစ်ပေါ်လာမည့် ကပ်ရောဂါအသစ်များနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်မည်ဟု ဆွေးနွေးပြောကြားသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တရုတ်နိုင်ငံ၊ ကျန်စုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ သင်တန်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံ ကျန်းမာရေးပညာရှင်များ အပြန်အလှန်စေလွှတ်ရန် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျန်စုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနရှိ ဇီဝလုံခြုံမှုအဆင့်(၃)ရှိ ဗိုင်းရပ်စ်ရောဂါပိုးများ စစ်ဆေးသည့်ဓာတ်ခွဲခန်း၊အစားအသောက်နှင့် ရောဂါပိုးမွှားများ စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာစစ်ဆေးသည့် ဓာတ်ခွဲခန်းများကို လေ့လာကြည့်ရှုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071