(Unicode)
တရုတ်နိုင်ငံမှ ဝယ်ယူထားသည့်ကိုဗစ်ကာကွယ်ဆေး ၂၄ သန်း အသုတ်လိုက်ခွဲပြီး အပြည့်အဝရောက်ရှိလာပြီဖြစ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး ၂၄ သန်း doses ကို စာချုပ် ချုပ်ဆိုဝယ်ယူထားသည့်အနက် နောက်ဆုံးအသုတ်(ဆဋ္ဌမအသုတ်) အဖြစ် ကာကွယ်ဆေး လေးသန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာ၇ရက် ည ၈ နာရီ မိနစ် ၂၀ တွင် ထပ်မံရောက်ရှိလာသည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးများနှင့် ယခင်လက်ကျန်ရှိသော ကာကွယ်ဆေးများကို အသုံးပြု၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်းဦးတည်အုပ်စုများ၏ ၅၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးနှံပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူများအတွက်လည်း ကာကွယ်ဆေးများ ထပ်မံ၍ ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဝန်ကြီးဌာနကဆက်ပြောသည်။
နိုဝင်ဘာ ၆ ရက်အထိ လူဦးရေစုစုပေါင်း ၁၃ ဒသမ၉သန်းအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံ ပြီးစီးသူ ၈ ဒသမ၂၄ သန်းနှင့် ပထမအကြိမ်ထိုးနှံ ပြီးစီးသူ ၅ဒသမ၆၅သန်း ရှိပြီဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ နိုဝင်ဘာ ၆ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၂ ဒသမ ၁၅ သန်း ထိုးနှံပြီးဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောသည်။
(Zawgyi)
တ႐ုတ္ႏိုင္ငံမွ ဝယ္ယူထားသည့္ကိုဗစ္ကာကြယ္ေဆး ၂၄ သန္း အသုတ္လိုက္ခြဲၿပီး အျပည့္အဝေရာက္ရွိလာၿပီျဖစ္
တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ Sinopharm အမွတ္တံဆိပ္ ကာကြယ္ေဆး ၂၄ သန္း doses ကို စာခ်ဳပ္ ခ်ဳပ္ဆိုဝယ္ယူထားသည့္အနက္ ေနာက္ဆုံးအသုတ္(ဆ႒မအသုတ္) အျဖစ္ ကာကြယ္ေဆး ေလးသန္း doses သည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ႏိုဝင္ဘာ၇ရက္ ည ၈ နာရီ မိနစ္ ၂၀ တြင္ ထပ္မံေရာက္ရွိလာသည္။
ယခုေရာက္ရွိလာေသာ ကာကြယ္ေဆးမ်ားႏွင့္ ယခင္လက္က်န္ရွိေသာ ကာကြယ္ေဆးမ်ားကို အသုံးျပဳ၍ ၂၀၂၁ခုႏွစ္ ဒီဇင္ဘာလအတြင္း ရည္မွန္းဦးတည္အုပ္စုမ်ား၏ ၅၀ ရာခိုင္ႏႈန္းခန႔္ကို ကာကြယ္ေဆး ႏွစ္ႀကိမ္ အျပည့္ထိုးႏွံေပးသြားမည္ဟု က်န္းမာေရးဝန္ႀကီးဌာနကေျပာသည္။
ကာကြယ္ေဆးထိုးႏွံရန္ က်န္ရွိသည့္ ျပည္သူမ်ားအတြက္လည္း ကာကြယ္ေဆးမ်ား ထပ္မံ၍ ရရွိႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဝန္ႀကီးဌာနကဆက္ေျပာသည္။
ႏိုဝင္ဘာ ၆ ရက္အထိ လူဦးေရစုစုေပါင္း ၁၃ ဒသမ၉သန္းအား ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးၿပီးျဖစ္၍ ကာကြယ္ေဆးႏွစ္ႀကိမ္အျပည့္ ထိုးႏွံ ၿပီးစီးသူ ၈ ဒသမ၂၄ သန္းႏွင့္ ပထမအႀကိမ္ထိုးႏွံ ၿပီးစီးသူ ၅ဒသမ၆၅သန္း ရွိၿပီျဖစ္ေၾကာင္း သိရသည္။ သို႔ျဖစ္၍ ႏိုဝင္ဘာ ၆ ရက္အထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး အႀကိမ္ေရ စုစုေပါင္း ၂၂ ဒသမ ၁၅ သန္း ထိုးႏွံၿပီးျဖစ္သည္ဟု က်န္းမာေရးဝန္ႀကီးဌာနကေျပာသည္။