Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeInternationalတရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို...

တရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ပထမဆုံး ထုတ်ပြန်

တရုတ်နိုင်ငံတွင် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ပထမဆုံး ထုတ်ပြန်

ရှန်ဟိုင်း၊ သြဂုတ် ၁၉

တရုတ်အာဏာပိုင်များသည် တောမီးများနှင့် ရင်ဆိုင်နေရချိန် ယန်ဇီမြစ်ဝှမ်းတစ်လျှောက်ရှိ ကောက်ပဲသီးနှံများကိုလည်း ပူပြင်းသော အပူချိန်ဒဏ်မှ ကာကွယ်ရန်အတွက် ကျွမ်းကျင်အဖွဲ့များ ကိုစုစည်းနေရကာ ယခုနှစ်အတွက် နိုင်ငံ၏ ပထမဆုံး မိုးခေါင်ရေရှားမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

ကြာသပတေးနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ နိုင်ငံတော်အဆင့် အဝါရောင် သတိပေးချက်သည် တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ စီချွမ်ဒေသမှ ယန်ဇီမြစ်ဝကျွမ်းပေါ်ဒေသရှိ ရှန်ဟိုင်းတစ်လျှောက် ရက်သတ္တပတ်များစွာ အပူချိန်လွန်ကဲမှုဒဏ်ကို ခံစားခဲ့ရပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အစိုးရတာဝန်ရှိသူများကလည်း ယင်းဖြစ်စဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုကြောင့်ဟု ထပ်တလဲလဲ ပြောဆိုလာခဲ့ကြသည်။


တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီး ပြည်နယ်ရှိဖောယန် ရေကန်သည် နှစ်စဉ် ယခုအချိန်၌ ရှိနေကျ ပုံမှန်အရွယ်အစားထက် လေးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ချုံကင်း၏ အနောက်တောင်ပိုင်းဒေသရှိ စီရင်စု ၃၄ ခုမှ မြစ် ၆၆ ခုတွင် ရေခန်းခြောက်သွားကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဩဂုတ်လ ၁၉ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။


ချုံကင်းဒေသအနှံ့ တောမီးလောင်မှုများဖြစ်ပွားခဲ့သည့်အတွက် မီးသတ်သမားများသည် အထူးသတိပြုကာ ပြင်ဆင်ထားရသည်။ နိုင်ငံပိုင်မီဒီယာကလည်း အပူလျှပ်ခြင်း ဖြစ်စဉ်များ တိုးလာကြောင်း ဖော်ပြခဲ့သည်။

ချုံကင်းစိုက်ပျိုးရေးဌာနသည် ထိခိုက်ပျက်စီးလွယ်သောသီးနှံများကို ကာကွယ်ရန်နှင့် ဆောင်းဦးရိတ်သိမ်းချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုများအတွက် အလျော်ပေးနိုင်ရန် သီးနှံများ တိုးချဲ့စိုက်ပျိုးဖို့ ကျွမ်းကျင်သောအဖွဲ့များကိုလည်း စုစည်းလျက်ရှိသည်။


ရေအရင်းအမြစ်ဝန်ကြီးဌာနသည် မိုးခေါင်ရေရှားမှုဒဏ်ခံရသော စိုက်ပျိုးရေးဒေသများတွင် ရေပြတ်လပ်မှု မရှိစေရန်အတွက် အချိန်အတိအကျဖြင့် ရေအလှည့်ကျ ရယူနိုင်မည့် အချိန်ဇယားများ ရေးဆွဲကြရန် ၎င်းဒေသရှိ တာဝန်ရှိသူများအား ညွှန်ကြားထားသည်။

ကြာသပတေးနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သော တရုတ်အရေးပေါ်ဝန်ကြီးဌာန၏ အချက်အလက်များအရ ဇူလိုင်လ တစ်လတည်းတွင် အပူချိန်မြင့်မားမှုကြောင့် လူပေါင်း ၅ ဒသမ ၅ သန်း၏ စီးပွားရေးအခြေအနေ ထိခိုက်ခဲ့ကာ ယွမ် ၂ ဒသမ ၇၃ ဘီလီယံ (ဒေါ်လာ သန်း ၄၀၀) ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Source:Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ ၁၇ တွင် စတင်လုပ်ဆောင်ပေးမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို ယခုလ ဖေဖော်ဝါရီ (၁၇)ရက်တွင် စတင်ဆောင်ရွက်ပေးသွားမည်ဟုအလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံက ယနေ့တွင် အသိပေးထားသည်။ CI လက်မှတ်လုပ်ဆောင်ရာတွင် ထိုင်းနိုင်ငံအစိုးရကထုတ်ပေးထားသည့် Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်များရရှိစေရေအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် CI လျှောက်ထားလိုသည့် အလုပ်သမားများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် CI...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071