Monday, December 8, 2025

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး...

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ...

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...
HomeInternationalတရုတ်တွင် ဂျပန်ရုပ်ရှင်များ ပြသမှုကို...

တရုတ်တွင် ဂျပန်ရုပ်ရှင်များ ပြသမှုကို ရပ်ဆိုင်း

တိုကျိုနှင့် ပေကျင်းအကြား နက်ရှိုင်းလာသော အငြင်းပွားမှုတစ်ခုကြောင့် ရုပ်ရှင်ဖြန့်ဖြူးသူများသည် တရုတ်နိုင်ငံတွင် အနည်းဆုံး ဂျပန်ရုပ်ရှင်နှစ်ကားပြသမှုကို ရပ်ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင်ရုပ်သံ စီစီတီဗီက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကာအိချီ၏ ထိုင်ဝမ်နှင့် ပတ်သက်သော ပြောစကားများကြောင့် တရုတ်နိုင်ငံက ပြင်းထန်စွာ တုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး သံတမန်ရေးပဋိပက္ခစတင်ခဲ့အပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ ရပ်ဆိုင်းမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရက်သတ္တပတ်များတွင် ရုံတင်ပြသရန် မူလက စီစဉ်ထားသည့် Crayon Shin-chan the Movie: Super Hot! Scorching Kasukabe Dancers နှင့် ရုပ်ပြမှ ရုပ်ရှင်အဖြစ် ပြောင်းလဲရိုက်ကူးထားသော Cells at Work! အပါအဝင် ဂျပန်ရုပ်ရှင်အချို့သည် တရုတ်ပြည်မကြီးတွင် ပြသတော့မည်မဟုတ်ကြောင်း စီစီတီဗီက ပြောကြားခဲ့သည်။

ကာတွန်းရုပ်ရှင် Demon Slayer: Infinity Castle သည် အစပိုင်းတွင် ဝင်ငွေကောင်းခဲ့သော်လည်း တာကာအိချီ၏ မှတ်ချက်များကြောင့် တရုတ်ပရိသတ်များက လွန်စွာမကျေမနပ်ဖြစ်ခဲ့ပြီးနောက် ၎င်း၏ လက်မှတ်ရုံ၌ အရောင်းကျသွားခဲ့ကြောင်းလည်း စီစီတီဗီက တနင်္လာနေ့အနှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။

ရုပ်ရှင်တင်သွင်းသူများနှင့် ဖြန့်ဖြူးသူများသည် ဈေးကွက်၏ တုန့်ပြန်မှုကို နားထောင်ရန်၊ ပရိသတ်များ၏ ခံစားချက်ကို လေးစားရန် ရွေးချယ်ခဲ့ကြပြီး လာမည့်ရုပ်ရှင်များရုံတင်ပြသမှုကို ရွှေ့ဆိုင်းခဲ့ကြသည်ဟု စီစီတီဗီက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံသို့ ခရီးမသွားကြရန် ပေကျင်းက နိုင်ငံသားများကို အကြံပြုခဲ့ပြီးနောက် တရုတ်လေကြောင်းလိုင်းများတွင် စနေနေ့မှစကာ ဂျပန်ခရီးစဉ်လက်မှတ်ဖျက်သိမ်းမှု ၄၉၁,၀၀၀ ခန့်ရှိခဲ့ပြီး ကြိုတင်ဘွတ်ကင်စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဝါရင့် လေကြောင်းခရီးစဉ်သုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုသည် ဘွတ်ကင်အသစ်မှာယူမှုများထက် ၂၇ ဆ ပိုများပြီး ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှုသည် ခရီးစဉ်ဖျက်သိမ်းမှုအတွက် အဓိကအချက်အဖြစ်နေကြောင်း လေ့လာသူ လီဟန်မင်းက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေး မြန်မာပါဝင်တက်ရောက်

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ(၈)ရက်နေ့၌ ကျင်းပခဲ့ပြီး  မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများအစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာ ကော်မတီမှ ဆောင်ရွက်ခဲ့သည့် လှုပ်ရှားမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ...

ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်ကပြန်လည်လွှဲပြောင်းပေး

တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၇၂)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဒီဇင်ဘာ ၈ ရက်က ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံသား(၅၆)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၇)ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား(၄)ဦး၊ ဂါနာနိုင်ငံသား(၄)ဦး၊ ကာဂျစ္စတန်နိုင်ငံသား(၁)ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ဒီဇင်ဘာ ၈ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖလူး-လေးကေ့ကော်-မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့မောင်းနှင်လာသော (၁၀)ဘီးကား(၄)စီးပေါ်တွင် တရုတ်နိုင်ငံသား အမျိုး သား(၂၁၇)ဦး၊ အမျိုးသမီး(၁၅)ဦး(စုစုပေါင်း ၂၃၂ ဦး) တို့ကိုဖမ်းဆီးရမိခဲ့ကြောင်း...

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071