တရုတ်ဈေးကွက်အခြေအနေသိရှိနိုင်ရန်အတွက် ပြည်တွင်း သရက်သီးများကို စတင်စမ်းသပ်တင်ပို့နေပြီဖြစ်ကြောင်း သရက်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။
ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် သရက်သီးများကို နှစ်စဉ် တရုတ်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ် ဈေးကွက်အခြေအနေကို သိရှိရန် သရက်သီး (၂၃)တန် စမ်းသပ်တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာ့စိန်တလုံး သရက်သီးများမှာ တရုတ်ဈေးကွက်တွင် ဝယ်လိုအားရှိခြင်းကြောင့် နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိပြီး သရက်ရာသီစတင်ချိန် ဈေးကွက်အနေထားသိရှိရန် ယခုကဲ့ သို့ စမ်းသပ်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအရ လမ်းခရီး ကြာချိန်ခန့်မှန်းနိုင်မှုမရှိခြင်း၊ ရာသီဥတု ပူပြ င်းခြင်း၊ သယ်ယူစရိတ်နှင့် အခြားစိတ်များ မြင့်တက်ခြင်းတို့ကြောင့် ဈေးကောင်းရရှိရန် လိုအပ်သဖြင့် စမ်းသပ်တင်ပို့မှုမှ ဈေးကွက်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့သရက်သီးကို ပြည်ပသို့ တင်ပို့ရာတွင် ဧပြီလမှစပြီး ဩဂုတ်လအထိ နှစ်စဥ်တင်ပို့လေ့ရှိပြီး၊ တရုတ်နိုင်ငံသို့ န ယ်စပ်ကုန်သွယ်ရေးဂိတ်များမှတဆင့် တင်ပို့ခြင်း နှင့် စင်္ကာပူနိုင်ငံသို့ အအေးခန်းကွန်တိန်နာသင်္ဘောများ ဖြင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
သရက်သီးရာသီတွင် နှစ်စဥ် တရုတ် အပါအဝင် ပြည်ပနိုင်ငံများသို့ သရက်သီး တန်ချိန် ၄၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင် တင်ပို့နေပြီး လက်ရှိရာသီတွင် တရုတ်နယ်စပ်မှ တင်ပို့မှုလျော့ကျသွားနိုင်ကြောင်း ခန့်မှန်းကြသည်။