Wednesday, December 4, 2024

ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဈေးမြှင့်တင်ရောင်းချပါက...

စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊...

ကမ္ဘောဒီးယားက မူးယစ်ဆေးဝါးရောင်းဝယ်သည့် ထိုင်း ၁၀...

ဖနောင်ပင်၊ဒီဇင်ဘာ ၄ ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသား ၁၀ ဦးပါဝင်သည့် ဂိုဏ်းတစ်ခုကို တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကိုသိမ်းဆည်းရမိခဲ့သည်ဟုပြောကြားခဲ့သည်။ ထိုင်း၊ကမ္ဘောဒီးယားနယ်စပ်...

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)၏ အကူအညီဖြင့်...

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန...

ထိုင်းတောင်ပိုင်း ရေကြီး၍ ‌ေ-သဆုံးသူ ၂၅...

ဘန်ကောက်၊ဒီဇင်ဘာ ၃ ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံ၍ မိသားစုပေါင်း ၆၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ‌ေ-ငဆုံးသူအရေအတွက်သည် ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်းနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဌာနကပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကြီးမားခဲ့ကာ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးကမူ ၎င်းကြက်ခြံတစ်ခုလုံးရေမြုပ်သွားသဖြင့် ကြက်အကောင်ရေတစ်ထောင်ကျော်‌ေ-သဆုံးခဲ့သဖြင့်...
HomeInternationalတရုတ်စစ်တပ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲသို့ ပျက်ကျ

တရုတ်စစ်တပ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲသို့ ပျက်ကျ

တရုတ်စစ်တပ်လေယာဉ်တစ်စင်း လူနေရပ်ကွက်ထဲသို့ ပျက်ကျ

ပေကျင်း၊ ဇွန် ၉ ရက်

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ လူနေရပ်ကွက်၌ ကြာသပတေးနေ့ ဇွန်လ ၉ ရက်နေ့တွင် တရုတ်စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး လူတစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က‌ ပြောကြားခဲ့သည်။

အဆိုပါ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် လေတပ် ဂျေ-၇ လေယာဉ်သည် ဟူဘေး ပြည်နယ်၌ စစ်ရေးလေ့ကျင့်နေရာမှ လူနေရပ်ကွက်ထဲသို့ ထိုးဆင်းပျက်ကျကာ လူနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေယာဉ်မှူးသည် လေယာဉ် မပျက်ကျမီ လေယာဉ်ပေါ်မှ ခုန်ဆင်းနိုင်ခဲ့၍ မြေပြင်ပေါ်သို့ လေထီးဖြင့် ဆင်းသက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့သည်ဟုနိုင်ငံပိုင်မီဒီယာ ဆင်ဟွာ၌ ဖော်ပြထားသည်။ လေယာဉ်မှူးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရပ်သားများအား ဆေးရုံများသို့ပို့ဆောင်ထားကြောင်း သိရသည်။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းနှင့် နောက်ထပ် သေဆုံးသူရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးနေပြီး အရေးပေါ်ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံပိုင်မီဒီယာ၌ ဖော်ပြထားသည်။

Source: CNN

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဈေးမြှင့်တင်ရောင်းချပါက အရေးယူမည်ဟု MRF ထုတ်ပြန်

စပါးအသစ်ပေါ်ချိန် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ရည်ရွယ်ချက်ရှိရှိ ဈေးမြှင့်တင်ရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ယခုကာလအတွင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဆန်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသည့် ကြော်ငြာများအားတွေ့ရှိလာရခြင်း၊ ဈေးကွက်အတွင်း၌လည်း ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့်ရောင်းချမှုများကိုတွေ့ရှိရခြင်း၊ အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း ဆန်များကို စပါးသစ်ပေါ်ချိန်တွင် ဈေးကိုမြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ သို့ဖြစ်၍ ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊မနေသုခစသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ(လုံးဝ) မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေးသတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံတိုက်တွန်းထားသည်။ အဆိုပါ...

ကမ္ဘောဒီးယားက မူးယစ်ဆေးဝါးရောင်းဝယ်သည့် ထိုင်း ၁၀ ဦးကိုဖမ်းဆီး

ဖနောင်ပင်၊ဒီဇင်ဘာ ၄ ကမ္ဘောဒီးယား နိုင်ငံ ရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသား ၁၀ ဦးပါဝင်သည့် ဂိုဏ်းတစ်ခုကို တရားမဝင်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ၎င်းတို့ထံမှ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကိုသိမ်းဆည်းရမိခဲ့သည်ဟုပြောကြားခဲ့သည်။ ထိုင်း၊ကမ္ဘောဒီးယားနယ်စပ် ပွာပက်မြို့တွင် ကမ္ဘောဒီးယားရဲတပ်ဖွဲ့က လှည့်ကင်းလှည့်နေစဉ် ၎င်းတို့ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၁၀ ဦးထဲတွင် အမျိုးသားခြောက်ဦးနှင့်အမျိုးသမီးလေးဦးပါဝင်ကာ တရားခံများသည် အသက် ၂၅ မှ ၄၁ နှစ်ဝန်းကျင်အရွယ်များဖြစ်ကြသည်ဟုလည်းဆိုသည်။ ၎င်းတရားခံများကို မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ရောင်းဝယ်ဖောက်ကားမှုနှင့် တရားမဝင်သုံးစွဲမှုများဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်းသိရသည်။ ကမ္ဘောဒီးယား၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် သေဒဏ်ချမှတ်ခြင်းမျိုးတော့မရှိပေ။ သို့သော် ကမ္ဘောဒီးယားဥပဒေအရ တရားမဝင်မူးယစ်ဆေးဝါး ၈၀ ဂရမ်ထက်ကျော်ပြီး လက်ဝယ်တွေ့ရှိပါက အမြင့်ဆုံးအပြစ်ဒဏ်အနေဖြင့်...

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂)၏ အကူအညီဖြင့် ပိုးသတ်ဆေး အကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ထောင်သွားမည်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) အကူအညီအထောက်အပံ့ဖြင့် ပိုးသတ်ဆေးအကြွင်းအကျန် ဓါတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၏ ပြောကြားချက်အရ သိရသည်။ မဲခေါင်-လန်ချန်းဧရိယာ (မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ဆိုင်ရာ ဓာတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်းအချက်အလက်များ ကွန်ရက်တည်ထောင်ခြင်းစီမံကိန်း၏ "အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွှယ်မှုဆိုင်ရာသုတေသနညီလာခံ"ကို ဒီဇင်ဘာ (၃)ရက်က နေပြည်တော် MGallery Hotel ၌ ကျင်းပရာတွင် ၎င်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071