Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeInternationalတရုတ်က ကျောင်းသားငယ်များ၏ စိတ်ဖိအားများကို...

တရုတ်က ကျောင်းသားငယ်များ၏ စိတ်ဖိအားများကို လျှော့ချမည်

ပညာရေးဖိအားများကို လျှော့ချခြင်း၊ ဖုန်း၊ တီဗီကြည့်ချိန်ကို လျှော့ချခြင်းနှင့် နေ့စဉ် အချိန်နှစ်နာရီကြာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်စေခြင်းဖြင့် မူလတန်းနှင့် အလယ်တန်းကျောင်းသားများ၏ စိတ်ကျန်းမာရေး တိုးတက်စေမည့် ဆောင်ရွက်ချက်များကို တရုတ်အာဏာပိုင်များက ကြေညာခဲ့သည်။

ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလတွင် ကြေညာခဲ့သော အစီအစဉ်များအရ စာသင်ခန်းအတွင်းသို့ မိုဘိုင်းလ်ဖုန်းယူဆောင်ခွင့် ပိတ်ပင်ခြင်းနှင့် အင်တာနက်ကို အလွန်အကျွံ့အမှီပြုခြင်းကို လျှော့ချရန် ဖုန်း၊ အင်တာနက်မသုံးရအချိန်ကာလ သတ်မှတ်ခြင်းတို့ ပါဝင်သည်။

စာသင်ကျောင်းများသည် စုစုပေါင်း အိမ်စာပမာဏကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရမည်ဖြစ်ကာ ကျောင်းဖွင့်ရက်တိုင်းတွင် မူလတန်းနှင့် အလယ်တန်းကျောင်းသားများကို ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို အနည်းဆုံးအချိန်နှစ်နာရီ ပေးကြရမည်ဖြစ်သည်။

ကျောင်းများအနေဖြင့် ကျောင်းတက်ချိန်နှင့် ကျောင်းဆင်းချိန်များကို လက်တွေ့ကျသောနည်းလမ်းဖြင့် စီစဉ်ပေးခြင်းနှင့် နေ့လည်စာစားချိန်ကို လုံလောက်စွာခွင့်ပြုခြင်းဖြင့် ကျောင်းသားများသည် အိပ်စက်ချိန်ကိုလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးရမည်လည်းဖြစ်သည်။

အိပ်စက်မှုစီမံခန့်ခွဲ‌ရေးစည်းမျဉ်းများကို လိုက်နာ‌စေရန် တင်းကြပ်ခြင်း၊ အလွန်အကျွံ စာကျက်ရစေခြင်းကဲ့သို့ စည်းကမ်း ချိုးဖေ-ာက်မှုများကို ပြတ်ပြတ်သားသားထိန်းချုပ်ခြင်း နှင့် ပညာရေးဝန်ထုပ်ဝန်ပိုး အလွန်အကျွံ့မဖြစ်စေရန်ကာကွယ်ရေး အစီအမံများကို ဝန်ကြီးဌာနက ချမှတ်ထားသည်။

ထိုအစီအမံများသည် ကျောင်းသားများကို အထူးသဖြင့် စာမေးပွဲနီးချိန်တွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့ကို ဖြေရှင်းနိုင်စေရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံတစ်ဝန်းရှိ ကျောင်းများတွင် အိမ်စာများကို အလွန်အကျွံ‌ပေးလေ့ရှိသဖြင့် အိပ်ရေးပျက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ များပြား‌နေကြောင်း ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ (၈) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပသည့် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားတွင် ပေါ်ပြူလာနယူးစ်သတင်းဌာနမှ "ကျားဖြူပါတီက အမတ်များအနေဖြင့် လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် ဘာတွေအဓိကထားလုပ်ပေးမလဲ" ဆိုသည့်မေးခွန်းအပေါ် ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်သည်။ "လွှတ်တော်ထဲရောက်ရင် ပြည်သူတွေအတွက် အလုပ်လုပ်မယ်။ ကျွန်တော်တို့ပါတီက ကိုယ်ကျိုးရှာတဲ့ ပါတီမဟုတ်ဘူး။ ပြည်သူကိုချစ်တဲ့ပါတီ။ ပြည်သူအတွက်အလုပ်လုပ်မယ်။...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် မြို့နယ်အောင်နိုင်ရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး လူထုတွေ့ဆုံပွဲသို့ ဒေသခံမဲဆန္ဒရှင်ပြည်သူ (၃၀၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မော်လမြိုင်မြို့မှ လွှဲ၍ အခြားမြို့နယ်များတွင် လုံခြုံရေးအခြေအနေအရ မဲဆွယ်စည်းရုံးရေးလု ပ်ငန်းစဉ်များကို အကျဉ်းချုံးသာ လုပ်ဆောင်နေချိန်လည်းဖြစ်သည်။ မွန်ပြည်နယ်တွင် တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးကို အဆင်ပြေစွာဆောင်ရွက်ပေးရန် လဝက ဝန်ကြီးမှာကြား

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို စစ်ဆေးခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူအဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071