Wednesday, November 19, 2025

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး...

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့်...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း...

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော...

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း...

အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ အမြစ်ပြတ်ရှင်းလင်းမှုများပြုလုပ်လျက်ရှိရာ လက်ရှိအချိန်တွင် KK Park နယ်မြေကိုရှင်းလင်းလျက်ရှိသကဲ့သို့ ရွှေကုက္ကိုလ်နယ်မြေ၊ ကျောက်ခက်နယ်မြေနှင့် အခြားဒေသများ၌လည်း ဆက်လက်ဖော်ထုတ်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့၏ ယနေ့...
HomeNewsLocal Newsတရုတ်က ကမ္ဘောဒီးယားတွင် ကျန်းမာရေးကဏ္ဍ၌...

တရုတ်က ကမ္ဘောဒီးယားတွင် ကျန်းမာရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံလို

အောက်တိုဘာ ၁၄

ကမ္ဘောဒီးယား၏ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန် ဖနောင်ပင်သို့ ရောက်ရှိလာသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးက ယနေ့လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အောခ် ဘိုရစ်၏ အကြံပေး ဆိုဖောင်၊ ရှင်ဇန် ဂျင်တုံ ဥက္ကဌ၊ ဆေးသိပ္ပံနှင့် သုတေသန ဒါရို-က်တာ ပါမောက္ခ ချန်းစူဂျီ နှင့် သူ၏အဖွဲ့သားများပါဝင်ကြသည်။

တွေ့ဆုံစဉ် တရုတ်ကိုယ်စားလှယ်က ကမ္ဘောဒီးယားဝန်ကြီးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိနိုင်စေရန်နှင့် စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံ၏စံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီလျှင်၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာကာ ကျန်းမာရေးစောင့်ရှောက်မှု၌ ပူးပေါင်းဆောင်ရွက်ကာ ရင်းနှီးမြှုပ်နှံလျှင် ကြိုဆိုပါကြောင်း ဝန်ကြီးကပြန်လည်ဖြေကြားသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးနိုင်သဖြင့် နိုင်ငံသားများကို ဘေးဥပါဒ်ကင်း‌စေမည်ဖြစ်သည်။

Ref: ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပ

အကြိမ်(၆၀)မြောက် အာဆီယံ ပို့ဆောင်ရေးအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ(၁၇)ရက်၊ မနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အရေးပါသည့် အာဆီယံပို့ဆောင်ရေး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။ ထိုပြင် အာဆီယံ အသိုက်ဝန်း ၂၀၄၅ နှင့် အာဆီယံ ပေါင်းစည်းဆက်သွယ်မှု ၂၀၃၀ နှင့်အညီ အာဆီယံ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစီမံကိန်း(၂၀၂၆-၂၀၃၀) ဖော်ဆောင်နိုင်ရေးကိုလည်း ကြိုဆိုကြောင်း၊ အာဆီယံဒေသတွင်း ရေရှည်တည်တံသော ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်တီထွင်ရေး၊...

နည်းပညာပူဖောင်း စိုးရိမ်မှုများကြောင့် ခရစ်ပ်တိုဈေးကွက်တွင် ခြောက်ပတ်အတွင်း ဒေါ်လာ ၁ ထရီလီယံကျော် ဆုံးရှုံး၊ လိမ်လည်မှုများ ပေါ်ပေါက်လာ

စတော့ဈေးကွက်တွင် ဉာဏ်ရည်တု(AI) နည်းပညာပူဖောင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများသည် စိုးရိမ်ပူပန်နေကြပြီး Google ၏ အကြီးအကဲကပင် ယင်းပူဖောင်းပေါက်ပါက "မည်သည့်ကုမ္ပဏီမျှ ကင်းလွတ်မည်မဟုတ်" ဟု သတိပေးခဲ့သည်။ အဆိုပါ နည်းပညာပူဖောင်းနှင့် လာမည့်လတွင် အမေရိကန်နိုင်ငံတွင် အတိုးနှုန်းဖြတ်တောက်မှု မျှော်လင့်ချက်များ မှေးမှိန်လာမှုတို့ကြောင့် လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း ခရစ်ပ်တိုငွေကြေးဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံ (ပေါင် ၇၆၀ ဘီလီယံ) ကျော် ကျဆင်းသွားခဲ့သည်။ ထို့အတူပင် ခရစ်ပ်တို လိမ်လည်မှုများလည်း များစွာ ပေါ်ပေါက်လာခဲ့သည်။ CoinGecko...

ကုန်းတွင်းပိတ် လာအိုနိုင်ငံကို ကုန်းတွင်း ချိတ်ဆက်နိုင်သည့်နိုင်ငံအဖြစ်​ပြောင်းလဲ​စေခဲ့​သော ရထား​လမ်း

တရုတ်-လာအိုရထားလိုင်းများကို ၂၀၂၁ ခုနှစ်က ဖွင့်လှစ်နိုင်ခဲ့သည်။ လာအိုကို 'ကုန်းတွင်းပိတ်' မှ 'ကုန်းတွင်းချိတ်ဆက်' နိုင်ငံ သို့ ပြောင်းလဲ​ပေးခဲ့သည့်ပို့ဆောင်ဆက်သွယ်​​​​ရေးလမ်း​ကြောင်းဖြစ်ခဲ့သည်။ လာအိုသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ တိုးလာ​နေပြီး ကူမင်းမှသည် စင်ကာပူထိ သွားနိုင်​အောင် လုပ်မည်ဖြစ်သည်။ ပုံများမှာ လာအို  ၊ ဗီယန်ကျန်း ဘူတာရုံမှ ထွက်ပြီး လန်ဖရာဘန် ဘူတာ အဆိုက်ပုံများဖြစ်သည်။။ ဗီယန်ကျန်းမှ လန်ဖရာဗန်သို့ တစ်နာရီခွဲသာကြာမြင့်သည်။ပုံမှန်ဘတ်စ်ကားဖြင့် ၉ နာရီ၊ လေယာဉ်ဖြင့် တစ်နာရီ၊ရိုးရိုးရထားဖြင့်နှစ်နာရီခွဲသွားရသည့် ခရီးကို  အမြန်ရထားဖြင့်တစ်နာရီခွဲသာကြာသည်။ လန်ဖရာဗန်မြို့ သည် ကမ္ဘာ့လှည့်ခရီးသွားများ ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071