တရုတ်ကုမ္ပဏီငါးခုNYSE မှထုတ်ပယ်တော့မည်
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ အမေရိ ကနှင့်တရုတ်တို့ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် တရုတ်ကုမ္ပဏီကြီးငါးခုသည် နူးယော့စတော့အိတ်ချိန်းမှ ၎င်းတို့ကုမ္ပဏီများအား ထုတ်ပယ်ကြောင်းကြေငြာခဲ့သည်။
အဆိုပါကုမ္ပဏီငါးခုမှာ – ကမ္ဘာ့အကြီးဆုံး စွမ်းအင်ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Sinopec နှင့် PetroChina ၊ Chalco ဟုလည်းလူသိများသော China Aluminum Corporation ၊ China Life Insurance နှင့် Shanghai အခြေစိုက် Sinopec လုပ်ငန်းခွဲတို့ဖြစ်သည်။
ထူးခြားသည်မှာ ဤကုမ္ပဏီငါးခုစလုံးသည် စာရင်းစစ်များက တောင်းဆို သောလိုအပ်ချက်အသစ်များကို မလိုက်နာပါက Wall Street မှ ထုတ်ပယ်ခြင်းခံရမည်ဟု US Securities and Exchange Commission က ထုတ်ပြန်ထားသည့် ကုမ္ပဏီများစာရင်းတွင် ပါဝင်နေခြင်းဖြစ်သည်။
၎င်းတို့ဆုံးဖြတ်ချက် နောက်ကွယ်မှ အကြောင်းအရင်းများကိုကိုးကားလျက်ဘဏ္ဍာ ရေး ရှင်းတမ်း ရေးဆွဲ ရေးစည်မျည်းများကို လိုက်နာရန် မှာအပိုဝန်ထုပ်ဝန်ပိုးများပြီး US ၏စာရင်းများကို ထိန်းသိမ်းသည့်စရိတ်စကများက မြင့်မားလွန်းသည်ဟုကုမ္ပဏီများကဆိုကြသည်။
တရုတ်အာဏာပိုင်များသည် အမေရိကန်ပြည်ထောင်စု၌ တရုတ်အခြေစိုက်ကုမ္ပဏီများစာရင်းသွင်းခြင်းနှင့်ပတ်သက်၍ ကြိုတင်မှာကြားထားမှုများကိုလည်း ယမန်နှစ်နှောင်းပိုင်းက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်လည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် အလွန်အမင်းဒေါသထွက်ခဲ့သည်။သို့သော် တရုတ်နိုင်ငံ၏ ငွေကြေးစည်းကမ်ထိန်းသိမ်းရေးမှူးကမူ ကုမ္ပဏီများ၏ဆုံးဖြတ်ချက်သည် အဆိုပါကုမ္ပဏီများအနေဖြင့် ၎င်းတို့၏လုပ်ငန်းအခြေနေအတိုင်းသာ ဆုံးဖြတ်ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။
အများပိုင်ကုမ္ပဏီ စာရင်းကိုင်ကြီးကြပ်ရေးဘုတ်အဖွဲ့ (PCAOB) သည် US ဈေးကွက်များတွင် စာရင်းသွင်းထားသော နိုင်ငံခြားကုမ္ပဏီများ၏ စာရင်းများကိုစစ်ဆေးနိုင်ရမည်ဟူသည့် ၂၀၂၀ ပြည့်နှစ်၌အမေရိကန်ကွန်ဂရက်က အတည်ပြုပြဌာန်းခဲ့သည့် ဥပဒေသည် တရုတ်ကုမ္ပဏီများကို အထူးပစ်မှတ်ထားခြင်းဖြစ်သည်မှာ အထင်အရှားဖြစ်သည်ဟုပါရှိသည်။
ထို့ကြောင့်ပင် တရုတ်ပြည်မကြီးနှင့်ဟောင်ကောင်ကုမ္ပဏီများသည် ၎င်းတို့၏ ဘဏ္ဍာရေးရှင်းတမ်းများကို အမေရိကက အတည်ပြုထားသော စာရင်းစစ်များသို့ မတင်ပြခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားကြောင်းသိရှိရသည်။
Source – Wio News