Monday, February 10, 2025

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို...

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည်...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့...

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက်...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း”...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား...

(၅) ဦးမြောက် လူငယ် အဆိုတော်/သရုပ်ဆောင်...

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ပွဲအတွက် ရွေးချယ်ထားသည့် ဆန်ကာတင် ဇာတ်ကားများထဲတွင်...
HomeNewsLocal Newsတရုတ်ကို အနိုင်ယူကာ ဗီယက်နာမ်...

တရုတ်ကို အနိုင်ယူကာ ဗီယက်နာမ် ကို သရေကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအား  ဦးအောင်ကိုဝင်း၊ဦးဇော်ဇော်နှင့် ဦးဝင်းသော်တို့ကသိန်း (၁၀၀၀) ချီးမြှင့်

ထိုင်းနိုင်ငံတွင် ကျင်းပသည့် AFC Futsal Asian Cup 2024 Thailand  ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် တရုတ်အသင်းကို အနိုင်ယူကာ ဗီယက်နမ်အသင်းအား သရေကစားခဲ့သည့်  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအား MFF ဂုဏ်ထူးဆောင်နာယက ဦးအောင်ကိုဝင်း နှင့် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဖူဆယ်နှင့်သဲသောင်ပြင် အလုပ်အမှုဆောင် ကိုယ်စားလှယ် ဦးဝင်းသော် တို့က ဂုဏ်ပြုငွေ ကျပ်သိန်း (၁၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာလက်ရွေးစင် ဖူဆယ်အသင်းသည် ထိုင်းနိုင်၌ ကျင်းပသည့် AFC Futsal Asian Cup 2024 Thailand  ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များတွင် ဧပြီလ (၁၇) ရက်က ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဧပြီ (၂၁) ရက်က ကျင်းပသည့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် တရုတ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၃) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ (၁၉)ရက်၌ ကျင်းပပြုလုပ်သည့် အိမ်ရှင်ထို င်းအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်တွင် မြန်မာလက် ရွေးစင်ဖူဆယ်အသင်းအနေဖြင့် (၅) ဂိုးဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးခဲ့ရသည်။

မြန်မာ့အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)၏ နိုင်ငံအလိုက်အ ဆင့်သတ်မှတ်ချက်၌ အဆင့် (၇၈)မှ (၆၉)သို တက်လှမ်းနိုင်ခဲ့ကာ၊ အာရှဘောလုံးအဖွဲ့ချုပ်၏ နိုင်ငံအလိုက်အဆင့် သ တ်မှတ်ချက်တွင်လည်း အာရှအဆင့် (၁၈) မှ (၁၅)သို့တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“သဘင်သည် မြနှင်းဆီ” ဇာတ်ကားဖြင့် မေမီကိုကို အမျိုးသမီးဇာတ်ဆောင်ဆု ရမည်ဟု ခန့်မှန်းနေကြ

၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို "သဘင် သည် မြနှင်းဆီ" ဇာတ်ကားဖြင့် သရုပ်ဆောင် မေမီကိုကို ရ ရှိမည်ဟု ထင်ကြေးပေး ခန့်မှန်းထားကြသည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားသည် နှစ်ပေါင်းများစွာ မကျွတ်မလွတ်ဘဲရှိနေသည့် အငြိမ့်မင်းသမီး ဝိဉာဉ်အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။ ယင်းရုပ်ရှင်ဇာတ်ကား၏ အဓိကသရုပ်ဆောင်ဖြစ်သည့်မေမီကိုကိုသည် ကိုလိုနီခေတ် ဘိလိပ်ပြန်ပညာတတ်သူဌေးသမီး မြစမ်းကြည် ကာရိုက်တာဖြင့် သရုပ်ဆောင်ထားခြင်းဖြစ်သည်။ "သဘင်သည် မြနှင်းဆီ" ဇာတ်ကားကြီးကို စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက ယခင်ဇာတ်လမ်းတွဲကို ဇာတ်လမ်း ကိုဆက်၊ ဇာတ်ညွှန်း အင်ကြင်းဟန်၊ ဒါရိုက်တာ မင်းဆက်က ၁၉၉၀ ဝန်းကျင်ရှိ မြန်မာနိုင်ငံ၌...

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်

ယနေ့ ဖေဖော်ဝါရီလ (၉) ရက် ညနေပိုင်းတွင် နေပြည်တော်ရှိ MICC (1) ၊ ကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစက ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်ကို တွေ့ရသည်။ မကြာမီ အချိန်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများအနက်မှ ဆန်ကာတင် ဇာတ်ကား (၁၈) ကားထဲမှ ထူးချွန်ဆု...

“ဘိုးတော်ကင်း” လား ၊ “နို့ထမင်း” လား

ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းတွင် ကျင်းပတော့မည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် အကယ်ဒမီရွေးချယ်ချီးမြှင့်မည့် ဆန်ကာတင်ဇာတ်ကား (၁၈) ကားထဲတွင် အကယ်ဒမီ မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်ရှင်ဇာတ်ကား (၂) ကားပါဝင်နေသည်။ "ဘိုးတော်ကင်း" နှင့် " နို့ထမင်း" ရုပ်ရှင်းဇာတ်ကား (၂) ကားတွင် အဓိက ဇာတ်ကောင်နေရာမှ ပါဝင်ထားသည့် မြင့်မြတ် ၏ သရုပ်ဆောင်ပီပြင်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကောင် အကယ်ဒမီဆု ရရှိမည်ဟု ထင်ကြေးပေးခံရသူများထဲတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071