တိုကျို၊နိုဝင်ဘာ ၂၈
တရုတ်နိုင်ငံ၏ဒေသတွင်းအားကောင်းလာမှုကို ယှဉ်ပြိုင်ရင်ဆိုင်နိုင်ရန် ကာကွယ်ရေးအသုံးစရိတ်အား ငါးနှစ်အတွင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းအထိ နှစ်ဆတိုးမြှင့်ရန်ညွှန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ကီရှီဒါ၏အစိုးရသည် တရုတ်နိုင်ငံ၏အင်အားကောင်းလာမှုကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ်ရှုမြင်ကာ တန်ပြန်နိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ်အား သိသိသာသာတိုးမြှင့်သွားမည်ဟုလည်းကတိပြုထားသည်။
“လက်ရှိလုံခြုံရေးအခြေအနေတွေအရ ကာကွယ်ရေးအသုံးစရိတ်ကို ငါးနှစ်အတွင်းအရေးတကြီးလုပ်ဆောင်စရာအနေနဲ့ အားကောင်းလာအောင်လုပ်ဖို့လိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ယာဆုခဇု ဟာမဒ က ဘဏ္ဍာရေးဝန်ကြီး ရှုနိချိဆူဇူကီးနှင့်တွေ့ဆုံပြီးနောက် သတင်းထောက်များအားပြောကြားခဲ့သည်။
“တာဝန်သိနိုင်ငံတစ်နိုင်ငံအနေနဲ့ ကျွန်တော်တို့ဟာ အသုံးစရိတ်ပြုပြင်ပြောင်းလဲရေးကို အစွမ်းကုန်ကြိုးပမ်းအားထုတ်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပင် အဲ့ဒီအခြေနေကိုထိန်းထားနိုင်ဖို့ တောင့်တင်းတဲ့ရန်ပုံငွေအရင်းအမြစ်တွေလည်း မဖြစ်မနေလိုအပ်ပါတယ်” ဟု ဝန်ကြီးချုပ်အားကိုးကားလျက် ကာကွယ်ရေးဝန်ကြီး ဟာမဒ ကပြောကြားခဲ့သည်။
Source : Reuters
