အမေရိကန်ပြည်ထောင်စုနှင့် မာယာများသော ကုန်သွယ်ရေးဆွေးနွေးပွဲအသစ်ကို မစတင်မီ တရုပ်က မြေရှားတင်ပို့မှုအပေါ် ထိန်းချုပ်မှုကိုထပ်မံတင်းကျပ်လိုက်သော လုပ်ဆောင်ချက်သည် မဟာဗျူဟာမြောက်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ယခုလအနှောင်းပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ မတွေ့ဆုံမီ ကန့်သတ်ချက်အသစ်များကို တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
နှစ်နိုင်ငံတင်းမာမှုများကို ပြေလျော့စေရန် ရည်ရွယ်ပြီးစည်းကြပ်ခွန်အချို့ကို ပြန်လည်ရုပ်သိမ်းရန် ထရမ့်ပ်က သဘောတူညီခဲ့ပြီးနောက် ယခုနှစ်အစောပိုင်းတွင် စည်းကြပ်ခွန်များကို အပြန်အလှန်တိုးမြှင့်ခဲ့ကြသည်။
ရှားပါးသတ္တုများသည်အမေရိကနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးတွင် အဓိကကျသည်။ တရုတ်နိုင်ငံကတင်ပို့မှုကို ကန့်သတ်ထားသည့် သတ္တုခုနစ်မျိုးမှာ ဆာမာရီယံ၊ ဂါဒိုလီနီယံ၊ တာဘီယံ၊ ဒစ်စပရိုစီယံ၊ လူတက်တီယံ၊ စကန်ဒီယံ နှင့် အစ်တရီယံတို့ ဖြစ်ကြသည်။
တရုတ်နိုင်ငံတွင် ပို့ကုန် ကန့်သတ်ချက် ၁၂ ခုရှိ ပြီးဖြစ်သည်။ ကြာသပတေးနေ့တွင် တရုတ်နိုင်ငံသည် ရှားပါးသတ္တုများကို သန့်စင်ရန်အတွက် အသုံးပြုသည့် အထူးနည်းပညာသုံး စက်ကိရိယာများကို တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ကို ချမှတ်ခဲ့သည်။ ဤကန့်သတ်ချက်အများစုသည် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ေရာက်မည်ဟုသိရသည်။
အဆိုပါ ကြေညာချက်တွင် နိုင်ငံခြားကုမ္ပဏီများသည် တရုတ်နိုင်ငံမှ ရှားပါးသတ္တုများ နှင့် အချို့သော တပိုင်းလျှပ်ကူး ပစ္စည်းများကို တင်ပို့လိုပါက ပေကျင်းထံမှ အထူးခွင့်ပြုချက် ရယူရန် လိုအပ်မည်ဖြစ်ကြောင်းသိရသည်။
Ref: အယ်လ်ဂျာဇီးယား
