Tuesday, March 18, 2025

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ...

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ...

“သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက် ဆရာတော်...

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ...

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက်...

ကမ္ဘာ့အင်တာနက်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးဧပြီတွင် ကျင်းပမည်

ပေကျင်း၊ မတ် ၁၇ ကမ္ဘာ့အင်တာနက်ကွန်ဖရင့်ညီလာခံ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ဧပြီ ၁၄ ရက်မှ ၁၅ ရက်အထိ ဟောင်ကောင်၌ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း...
HomeInternationalတရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

တရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

တရုတ်ကထိုင်ဝမ်အားကျူးကျော်ပါက ဥရောပနည်းတူ ဆွစ်ဇာလန်ကလည်းအရေးယူပိတ်ဆို့မည်

ဇူးရစ်ခ်ျ၊ဇူလိုင် ၃၀

ထိုင်ဝမ်ကိုကျူးကျော်လာလျှင် ဥရောပသမဂ္ဂက တရုတ်နိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုမှန်သမျှကို ထောက်ခံမည်ဟု ဆွစ်ဇာလန်အေဂျင်စီအကြီးအကဲကသတင်းစာ‌ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်မ၏ အချုပ်အခြာအာဏာကို လက်ခံရန် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်‌ မြှောက်ခံအစိုးရအား ဖိအားပေးသည့်အနေဖြင့် ထိုင်ဝမ်အနီးတစ်ဝိုက်တွင် တရုတ်စစ်တပ်က စစ်ရေးကိုအရှိန်မြှင့်လုပ်ဆောင်နေသည်။

ထိုင်ဝမ်အစိုးရကမူ ကျွန်းရှိလူ ၂၃ သန်းကသာ ၎င်းတို့၏အနာဂတ်ကို ဆုံးဖြတ်နိုင်ပြီး ငြိမ်းချမ်းရေးကို လိုလား‌သော်လည်း တိုက်ခိုက်ခံရပါက မိမိနိုင်ငံအားကာကွယ်သွားမည်ဟု ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်သည် တရုတ်နိုင်ငံအပေါ် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအတိုင်း ချမှတ်ပါမည်လားဟု Neue Zuercher Zeitung သတင်းစာ၏ မေးမြန်းမှုကို စီးပွားရေး အတွင်းဝန်ချုပ်ရုံး (SECO)ညွှန်ကြားရေးမှူး Marie – Gabrielle Ineichen – Fleisch က “ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်လို့ယုံကြည်ပါတယ်”ဟုဆိုသည်။

“ဒါ‌ပေမဲ့ တရုတ်နဲ့အီးယူဟာ စီးပွားရေးအရဆက်ဆံရေးက ပိုအရေးကြီးတဲ့အတွက် တရုတ်ကိုပိတ်ဆို့အရေးယူမှုက (ရုရှားကို ဒဏ်ခတ်အရေးယူတာထက်) ပိုပြီးထိ‌ရောက်မှုပြင်းထန်ပါလိမ့်မယ်။ဒါကြောင့် အီးယူ၊အမေရိက၊ဆွစ်ဇာလန်တို့ဟာ ရုရှားနဲ့တုန်းကထက် တရုတ်နဲ့ပိုမိုကောင်းမွန်တဲ့ ဆွေးနွေးမှု‌တွေရှိလာနိုင်ပါတယ်။တကယ်ပိတ်ဆို့တဲ့အဆင့်ထိမရောက်ဖို့လည်း မျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။

Ineichen – Fleisch သည် ဖေဖော်ဝါရီလက ရုရှား၏ယူကရိန်းကို ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှားတစ်ဦးချင်းနှင့် ကုမ္ပဏီများအား EU ၏ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ချိန်က ဆွစ်ဇာလန်၏ရပ်တည်မှုကို ကာကွယ်ခဲ့သည်။

မော်စကို၏ အထက်တန်းလွှာများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်သည့် ဆွစ်ဇာလန်တွင် ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားနိုင်ငံသား ရာပေါင်းများစွာ၏ ပိုင်ဆိုင်မှုများအားထုတ်ယူခြင်းကိုအမြန်ဆုံပိတ်ဆို့ရန်လည်း ဖိအားများတိုးလာခဲ့သည်။

ယခုလအထိ ဆွစ်ဇာလန်နိုင်ငံသည် ဆွဇ်ဖရန့်ငွေ ၆ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ရုရှားဘဏ္ဍာရေးပိုင်ဆိုင်မှုများနှင့်ပိုင်ဆိုင်မှု ၁၅ ခုကိုထုတ်ယူခွင့်အားပိတ်ပင်ထားပြီး Ineichen – Fleisch က ဤကိန်းဂဏန်းသည် များစွာပြောင်းလဲဖွယ်မရှိကြောင်းပြောကြားခဲ့သည်။

“ကျွန်မတို့ SECO မှာ မတွေ့ရသေးတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံထားရသူတွေရဲ့ ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်လို့‌တော့မတွေ့မိဘူး” ဟုလည်း ၎င်းကဆိုသည်။

Source – Reuters/yb

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျာမနီနိုင်ငံတွင် ပြုလုပ်မည့် ရင်းနှီးမြှုပ်နှံမှုပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်

ဂျာမနီနိုင်ငံ၊ Frankfurt မြို့၌ Investment Management Exhibition (IME)-2025 (ရင်းနှီးမြှုပ်နှံမှုပြပွဲ-၂၀၂၅) ပြုလုပ်သွားမည်ဖြစ်‌ပြီး မြန်မာလုပ်ငန်းရှင်များအနေဖြင့် ပါဝင်ပြသနိုင်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။ အဆိုပါ ပြပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလ (၁၇)ရက်မှ (၁၈) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာသံရုံးအပါအဝင် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပတ်သက်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်လေ့လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ပြခန်းများ လာရောက်ပြသနိုင်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံမှုပြပွဲသည် အမျိုးမျိုးသော နယ်ပယ်များနှင့် ကဏ္ဍပေါင်းစုံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေးအတွက် ရည်မှန်းကျင်းပသော...

“သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိသည့် အိန္ဒိယနိုင်ငံရောက် ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံ၊ ဥတ္တရပရာဒေ့ရှ်ပြည်နယ်၊ ကုသိနာရုံမြို့ရှိ ကုသိနာရုံမြန်မာကျောင်း၌ “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နစကမှဆက်ကပ်လှူဒါန်းသည့် “သဒ္ဓမဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂) ပါးအား ဘွဲ့တံဆိပ်နှင့် အဆောင်ယောင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သို့ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ "သဒ္ဓမဇောတိကဓဇ" ဘွဲ့တံဆိပ်တော်ရရှိတော်မူသော အိန္ဒိယနိုင်ငံမှ ဆရာတော် အရှင်သူမြတ် (၂)...

ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရပြီးမှသာ ပူတင်၏ အမေရိကန်ခရီးစဉ်ကိစ္စကို ဆွေးနွေးသင့်ဟု ထရမ့် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အမေရိကန်သို့ ခရီးစဉ်ဖြစ်နိုင်ခြေအကြောင်း ဆွေးနွေးခြင်းမပြုမီ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရရှိရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ သတင်းထောက်များက ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးပါက ပူတင်ကို အိမ်ဖြူတော်သို့ ဖိတ်ကြားရန် သဘောရှိမရှိ မေးမြန်းရာတွင် ထရမ့်က "အဲဒါကို အခုချက်ချင်း ဆွေးနွေးချင်စိတ်မရှိသေးဘူး။ ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေးအတွက် သဘောတူညီချက်ရဖို့လိုတယ်။ သဘောတူညီချက်လက်မှတ်ထိုးဖို့လိုတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။ "ငါတို့အဲဒီသဘောတူညီချက်ကို လက်မှတ်ထိုးဖို့လိုတယ်။ ဒါက အခုအချိန်မှာ ငါစဉ်းစားနေတဲ့ တစ်ခုတည်းသောအရာပဲ" ဟု ထရမ့်က ပြောကြားခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် အမေရိကန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071